ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 

ဗန်းမော်       သြဂုတ်   ၁၅


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ရာနှုန်းပြည့်    ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် သွားရောက်ထောက်ပံ့ပေးအပ်သည်။

 

နှာခေါင်းစည်းများ ဖြန့်ဝေ


ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်    ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး      ဗိုလ်မှူးကြီး ကျော်သူ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ      ဗန်းမော်မြို့  မြို့မရပ်ကွက်    ကမ်းနားဈေး၌     ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အား နှာခေါင်းစည်းများ    ဖြန့်ဝေ ပြီး ကိုဗစ်-၁၉  ရောဂါ  အကြောင်း အသိပညာပေးခဲ့ကြသည်။

 


ထို့နောက်   အမှတ်  (၉၃၃) ထောက်ပံ့နှင့်     ပို့ဆောင်ရေး တပ်ရင်းအတွင်း    ခရိုင်အတွင်းရှိ တပ်ရင်း     တပ်ဖွဲ့များအတွက် ကြက်၊ ဝက်၊ ဘဲ မွေးမြူရေးခြံများ ကို လှည့်လည်ကြည့်ရှု  စစ်ဆေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က  မွေးမြူရေး   အကောက်အကူပြု ဆေးဝါးများနှင့် ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး  ထိုမှတစ်ဆင့်  (၃) မိုင်ကျေးရွာရှိ  ပုဂ္ဂလိကပိုင်   သိန်းဒေသကြက် မွေးမြူခြံသို့      သွားရောက်ကာ မွေးမြူရေး အထောက်အကူပြု ဆေးဝါးများ ထောက်ပံ့ပေးအပ် ခဲ့သည်။ 

 


 ကာကွယ်ဆေး ထိုးနှံမှု အားပေး


ဆက်လက်၍   ဗန်းမော်မြို့  မြို့တော်ခန်းမ၌     ကျန်းမာရေး ဝန်ထမ်းများ၊    ဌာနဆိုင်ရာအဖွဲ့ အစည်းများ ပူးပေါင်း၍ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ် ဆေး  ထိုးနှံခြင်းလုပ်ငန်း  ဆောင် ရွက်နေမှုကို  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး    နှာခေါင်းစည်း များ ဖြန့်ဝေပေးအပ်သည်။

 


ထောက်ပံ့ငွေ ပေးအပ်


ထိုမှတစ်ဆင့်      မံစီမြို့သို့ သွားရောက်ခဲ့ကြပြီး မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း     ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များ     ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ     အဖွဲ့အစည်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များနှင့်           တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့်    ပတ်သက်၍  ပြည်နယ်ဝန်ကြီးများ၊ ကော်မတီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့်   ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့်     တာဝန် ရှိသူများက ကိုဗစ်-၁၉  အတည်ပြု လူနာများအတွက်     ဆန်အိတ်  ၇၆  အိတ်၊ ကိုဗစ်-၁၉ ကာကွယ် ရေး သုံးပစ္စည်းများနှင့်     နှာခေါင်း စည်း  အခု ၁၆၅၀၀၊ PPE ဝတ်စုံ ၃၀၀၊ လက်အိတ် ၄၀၀၊ ပိုးသတ် ဆေးပုံး ငါးပုံး၊ လက်ဆေးရည် ဘူး ၁၀၀၊ ဆပ်ပြာခဲ ၇၀၀ တို့နှင့် ဌာန ဆိုင်ရာ အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေကျပ်     ငါးသိန်း၊ လူမှုရေးအသင်းအဖွဲ့      ငါးဖွဲ့ အတွက် ထောက်ပံ့ငွေကျပ်  ၁၅  သိန်းနှင့်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့     နှစ်ဖွဲ့အတွက် ထောက်ပံ့ ငွေကျပ်  လေးသိန်းဖြင့် စုစုပေါင်း     ထောက်ပံ့ငွေကျပ်   ၃၂    သိန်းကို   ထောက်ပံ့ပေးအပ် ခဲ့ကြသည်။


ပြည်နယ်(ပြန်/ဆက်)