ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် ‌ထောက်ပံ့ငွေပေးအပ်

 

ဗန်းမော်     သြဂုတ်  ၁၄


ကချင်ပြည်နယ်  ဗန်းမော်ခရိုင် အတွင်း  ကိုဗစ်-၁၉    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်    ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်      သြဂုတ် ၁၃    ရက်က      ဗန်းမော်မြို့၌  ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများနှင့် ခရိုင်အတွင်း ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဘာသာရေး    အဖွဲ့အစည်းများ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အသုံးပြုရန် အထောက်အကူပြုပစ္စည်းများကို    ဖြန့်ဝေပေးအပ်သည်။
ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချူပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ နှင့်အတူ   နံနက် ၇ နာရီခွဲတွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် ကုက္ကိုလ်တောဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်း စည်းများကို ဖြန့်ဝေပေးသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်သည် ဗန်းမော်မြို့စုပေါင်းရုံး၌ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊  လူမှုကူညီရေးအသင်း အဖွဲ့ရှစ်ဖွဲ့၊    ဘာသာရေးအဖွဲ့ အစည်း လေးခုနှင့် စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့ ငါးဖွဲ့တို့မှ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွဲ့အစည်းအားလုံး    ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ ကိုဗစ်-၁၉ ရောဂါကို     အလျင်မြန်ဆုံးနှင့် အသက်သာဆုံး          ထိန်းချုပ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးတို့က  ပြည်နယ် အတွင်း ကိုဗစ်-၁၉   ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု     အခြေအနေများနှင့် တိုင်းရင်းသားရေးရာ   ကိစ္စရပ် များကို   ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်က   ခရိုင်အတွင်း ကိုဗစ်-၁၉   ရောဂါ     ဖြစ်ပွားမှု အခြေအနေများနှင့်     အောက်ဆီ ဂျင်စက်ရုံ        တည်ဆောက်မည့်   အခြေအနေများကို      ရှင်းလင်း တင်ပြသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်၊   ပြည်နယ်ဝန်ကြီးများနှင့် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်     ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး     ဗိုလ်မှူးကြီး ကျော်သူနှင့်    ပြည်နယ်အဆင့် ဌာနဆိုင်ရာများက     ဗန်းမော် မြို့နယ်နှင့် ရွှေကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉      အတည်ပြုလူနာ များအတွက်    ဆန်၊   ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်  ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ညောင်ပင်ရပ်ကွက်ရှိ    တရုတ် ဘုံကျောင်းအတွင်း    စေတနာ့ ဝန်ထမ်းလူငယ်များ       စုဖွဲ့၍ ဖွင့်လှစ်ထားသည့်     အားနွဲ့သူကို ဖေးမကူပရဟိတအဖွဲ့၏   အခမဲ့ ဆေးပေးခန်း၊    ဗန်းမော်ပြည်သူ့ ဆေးရုံကြီး၊     ဗန်းမော်တက္ကသိုလ် ဝင်းအတွင်း နမ့်ဖားချယ်ရီအမျိုးသမီးဆောင်နှင့် နွမ်လိပန်အမျိုး သမီးဆောင်တို့ကို        ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်း များနှင့်   ကိုဗစ်-၁၉   အတည်ပြု လူနာများအား   ထောက်ပံ့ငွေများ ပေးအပ်ကာ     အားပေးစကား ပြောကြားသည်။
ထို့နောက်           ညနေပိုင်း တွင်    ပြည်နယ်ဝန်ကြီးချုပ်သည်      မြသီတာဧည့်ရိပ်သာ၌ ကိုဗစ်-၁၉ ကာလအတွင်း မွေးမြူရေးလုပ်ငန်း များ  ရာနှုန်းပြည့်ဆောင်ရွက်နိုင် ရေးနှင့်  စနစ်တကျ မွေးမြူနိုင်ရေး တို့အတွက်  ဌာနဆိုင်ရာ     တာဝန် ရှိသူများနှင့်  မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်         နေကြသူများအား    ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
ယင်းနောက်    ဗန်းမော်မြို့ သိရီမင်္ဂလာ         ကံဦးကန်ဦး ကျောင်းတိုက်သို့    သွားရောက် ပြီး    မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်  ဘဒ္ဒန္တ   ကေသဝထံ ဆန် ၁၀ အိတ်နှင့် အလှူငွေကျပ်  ငါးသိန်းကို ပေးအပ်လှူဒါန်းကြ ကြောင်း သိရသည်။    

  
  ပြည်နယ် 
(ပြန်/ဆက်)