ကချင်ပြည်နယ်၏ ထူးခြားသည့်ဒေသအရင်းအမြစ်များအပေါ် အခြေခံ၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်

 

မြစ်ကြီးနား   မတ်   ၁၆
ကချင်ပြည်နယ်အတွင်းရှိ  ရေခဲ တောင် အပါအဝင် ထူးခြားသည့် ဒေသအရင်းအမြစ်များ    အပေါ် အခြေခံ၍ သဘာဝအခြေခံခရီး သွားလုပ်ငန်းကို     စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်းဖြင့်     အချိန်တိုအတွင်း ဒေသတွင်း     ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ယမန်နေ့က      ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည့် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏    (၂/ ၂၀၂၂)   လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က    ထည့်သွင်း ပြောကြားသည်။
ထို့အပြင်  ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်၏သဘာဝအရင်း အမြစ်ကို အခြေခံပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေး ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ    စီမံချက်ရေးဆွဲပြီး ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းရှင်များနှင့်  ပေါင်း စပ်ညှိနှိုင်း၍  အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းကို     ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးများနှင့်    ချိတ်ဆက် ဆောင်ရွက်နိုင်ပါက ဒေသတွင်း အချိန်တိုတိုဖြင့် ဖွံ့ဖြိုးတိုးတက် လာနိုင်မည်    ဖြစ်ပါကြောင်းနှင့် ထိရောက်    အောင်မြင်နိုင်သည့် ခရီးစဉ်ဒေသများကို    ရွေးချယ် ဆောင်ရွက်သွားရန်လည်း လိုအပ် ပါကြောင်း မှာကြားသည်။
ထို့နောက်    ကချင်ပြည်နယ် ဒေသတွင်း       ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ခရီးစဉ်အသစ်များ     အကောင် အထည်ဖော်     ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်း စဉ်များကို     ရှင်းလင်းပြောကြား ပြီး     ကော်မတီအတွင်းရေးမှူး ပြည်နယ်     ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန     ဦးစီးမှူး    ဦးခိုင်ဦးက ပြည်နယ်ကော်မတီဝင် များ   အစားထိုးဖွဲ့စည်းနိုင်ရေး၊ ခရိုင်အလိုက်‌  ဒေသတွင်းခရီးသွား လုပ်ငန်းအဖွဲ့များ        ဖွဲ့စည်း ဆောင်ရွက်ပြီးစီးမှု   အခြေအနေ များ၊     ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း     လိုင်စင်သက်တမ်းတိုး ခြင်းနှင့် အသစ်လျှောက်ထားလာ မှု ကိစ္စရပ်များ၊ ပြည်နယ်၏ ခရီး စဉ်ဒေသများအား ၃၆၀ ဒီဂရီဖြင့် မှတ်တမ်းဗီဒီယိုဆောင်ရွက်ပြီးစီး မှုနှင့်   ပူတာအိုခရိုင်အတွင်း   တိမ် ပင်လယ်ခရီးစဉ် နှင့် ခရီးစဉ်အသစ် များ    ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို     တင်ပြပြီး ပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ခရီးစဉ်ဒေသများအား ၃၆၀ ဒီဂရီ ဖြင့် ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုကို ဖွင့်လှစ်ပြသသည်။
ယင်းနောက် ဆွေးနွေးတင်ပြ မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လိုင်စင်များ    လျှောက်ထားလာမှု အပေါ်     လုပ်ထုံးလုပ်နည်းနှင့် အညီ ခွင့်ပြုပေးရေးနှင့် ခရီးသွား  လုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေး အတွက်   အကောင်အထည်ဖော် ဆောင်ရွက်ရမည့်   ကိစ္စရပ်များ အပေါ်  လိုအပ်သည်များ   ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်
(ပြန်/ဆက်)