ကချင်ပြည်နယ်အတွင်းရှိ သမဝါယမအသင်းများအတွက် မတည်ထုတ်ချေးငွေများ လွှဲပြောင်းပေးအပ်

 

မြစ်ကြီးနား   ဇန်နဝါရီ   ၃၀


ကချင်ပြည်နယ်      အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊      စားရေ ရိက္ခာဖူလုံရေးတို့အတွက်     နိုင်ငံတော်မှ       ရင်းနှီးလုပ်ကိုင်       ဆောင်ရွက်နိုင်ရန်   မတည်ရင်းနှီးပေးခဲ့သည့်   နိုင်ငံ့စီးပွား မြှင့်တင်ရေး    ရန်ပုံငွေကျပ်          ရှစ်ဘီလီယံ ကို   ပထမနှစ်စက်ဝန်းဖြင့်    စီမံကိန်း လုပ်ငန်းများကို အောင်မြင်စွာ အကောင် အထည်ဖော်          ဆောင်ရွက်နိုင်ခဲ့ပြီး   ယခုအခါ ဒုတိယနှစ်  စက်ဝန်းလည်ပတ် နိုင်ရေး ဇန်နဝါရီ  ၂၉  ရက်က   ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ စိုက်ပျိုးရေး၊   မွေးမြူရေး၊    ငါးလုပ်ငန်းနှင့်     သမဝါယမ အသင်းများထံ မတည်ထုတ်ချေးငွေများ လွှဲပြောင်းပေးအပ်ပွဲ    အခမ်းအနားကို ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ် ဝန်ကြီး ချုပ်    ဦးခက်ထိန်နန်က    နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းကို    တစ်နှစ်တာ ကာလအတွင်း       အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင်       ယနေ့ ဒုတိယနှစ် စီမံကိန်း            စက်ဝန်းရန်ပုံငွေကို ပြန်လည်    ထုတ်ချေးပေးနိုင်တော့မည် ဖြစ်သည့်အတွက်           များစွာဂုဏ်ယူ        ဝမ်းမြောက်မိကြောင်း၊             စီမံကိန်း    ဆောင်ရွက်မည့်သူများ   အနေဖြင့်လည်း ရရှိသည့်ရန်ပုံငွေများကို         အကျိုးရှိ ထိရောက်စွာဖြင့်     တိုးပွားအောင်မြင်အောင် ဆောင်ရွက်ကြရေးနှင့် သက်ဆိုင်ရာဌာန များအနေဖြင့်လည်း စီမံကိန်းပါလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျ    အကောင် အထည်ဖော်နိုင်ရေး        စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကြရန်    မှာကြားသည်။


ယင်းနောက်    ဒုတိယနှစ်စက်ဝန်း အတွက် စီမံကိန်းရန်ပုံငွေများကို လွှဲပြောင်း ပေးအပ်ရာ       ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်တရားလွှတ်တော်   တရားသူကြီး ချုပ်၊         ပြည်နယ်ဝန်ကြီးများနှင့်         ပြည်နယ် ဥပဒေချုပ်တို့က       စိုက်ပျိုးရေး လုပ်ငန်းစီမံကိန်း   ၈၈ ယူနစ်အတွက် ရန်ပုံငွေကျပ်သန်း    ၄၀၃၀၊    မွေးမြူရေး လုပ်ငန်းစီမံကိန်း   ၁၆    ယူနစ်အတွက် ရန်ပုံငွေကျပ်သန်း    ၈၄၀၊    ငါးလုပ်ငန်း စီမံကိန်း  ၄ ယူနစ်အတွက် ရန်ပုံငွေကျပ် သန်း ၁၃၀ နှင့်    သမဝါယမအသင်းအဖွဲ့ ၅၀ အတွက်   ရန်ပုံငွေကျပ်သန်း ၁၆၀၆ ဒသမ ၄ တို့ဖြင့်    စုစုပေါင်း  လုပ်ငန်း စီမံကိန်း   ၁၅၈ ယူနစ်အတွက် ရန်ပုံငွေ ကျပ်သန်း ၆၆၀၆ ဒသမ ၄ ကို   တောင်သူ များနှင့် ကျေးရွာကြီးကြပ်မှု       ကော်မတီ အဖွဲ့ဝင်များထံ    အသီးသီး    မတည် လွှဲပြောင်းပေးအပ်ခဲ့သည်။


ပြည်နယ်(ပြန်/ဆက်)