ကချင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူ ၁၁၆၉ ဦးအတွက် ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများနှင့် လယ်ယာသုံးစက်ကိရိယာများထောက်ပံ့

 

မြစ်ကြီးနား    သြဂုတ်    ၅


ကချင်ပြည်နယ်အတွင်း  စားရေရိက္ခာဖူလုံရေးနှင့် မိုးစပါးတစ်ဧကအထွက်နှုန်း တိုးပွားရေးအတွက် မိုးစပါး စိုက်တောင်သူ  ၁၁၆၉ ဦးတို့အတွက်   သွင်းအားစုများပေးအပ်ခြင်းနှင့် စံပြကျေးရွာများသို့ လယ်ယာသုံး စက်ကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို  သြဂုတ်  ၄  ရက်က   ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်က အမှာစကား    ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်သမဝါယမ ဦးစီးဌာနမှူး     ဒေါ်ချောစုလှိုင်က သမဝါယမလုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်ရေး စီမံဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး   ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဌေးလွင်က ခရိုင် များအတွက်   ပေးအပ်သွားမည့် စပါးမျိုးစေ့ချ   ကိရိယာအသုံးပြု စိုက်ပျိုးခြင်းဖြင့်    ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြသည်။ 


ယင်းနောက်     ပြည်နယ် ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များက  ၂၀၂၃-၂၀၂၄       ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေ မတည်ထောက်ပံ့ငွေနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက် သော မြို့နယ်ပေါင်း ခြောက်မြို့ နယ်မှ    မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းပေါင်း  ၂၈ သင်း ရှိ အသင်းသားတောင်သူ ၁၁၆၉ ဦးတို့အတွက် တစ်ဧကအထွက် နှုန်း   တိုးစေရေးတစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုများ စုစုပေါင်း တန်ဖိုး ငွေကျပ်သန်း ၁၀၀၀၊ မိုးကောင်း မြို့နယ်၊    နန့်လှိုင်ခေတ်မီစံပြ ကျေးရွာ၊   မိုးညှင်းမြို့နယ်  ဟဲလုံ ခေတ်မီစံပြကျေးရွာ၊   တနိုင်းမြို့ နယ် မိုင်းခွန်ခေတ်မီစံပြကျေးရွာ၊ ပူတာအိုမြို့နယ်     မူလာအွန် ခေတ်မီစံပြကျေးရွာ၊   ဝိုင်းမော် မြို့နယ်   ဒဘတ်ယန်ခေတ်မီစံပြ ကျေးရွာများအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေဖြင့်   လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ    ဆောင်ရွက်ရန် ငွေကျပ်   ၁၃၆   သန်း  တန်ဖိုးရှိ လယ်ယာသုံး     စက်ကိရိယာ ခြောက်စီးနှင့်   စိုက်ပျိုးရေးဦးစီး ဌာနမှ   မြစ်ကြီးနား၊   မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင်တို့အတွက် တန်ဖိုးငွေကျပ် ၅၆သန်းတန်ဖိုးရှိ  စပါးမျိုးစေ့ချကိရိယာ ၁၆၀ လက် တို့ဖြင့် စုစုပေါင်းသွင်းအားစုနှင့် စက်ကိရိယာ    တန်ဖိုးငွေကျပ် ၁၁၉၂    သန်းကို    ပံ့ပိုးပေးအပ် ကြောင်း သိရသည်။
    

ပြည်နယ်(ပြန်/ဆက်)