ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

မြစ်ကြီးနား   မတ်   ၁၇


သာသနာနှစ်   ၂၅၉၅၊   ကောဇာ သက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်း လပြည့်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က  ကြီးမှူး၍  ၂၀၂၂ ခုနှစ်    သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်    ဆက်ကပ် လှူဒါန်းပွဲ   မဟာမင်္ဂလာအခမ်း အနားကို မတ် ၁၆ ရက်   မွန်းလွဲ ၁   နာရီခွဲက   မြစ်ကြီးနားမြို့  မင်းရပ် ရပ်ကွက်ရှိ သာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်နယ်သာသနာ ရေးမှူး      ဦးယဉ်မောင်ထွေးက အခမ်းအနားဖွင့်      စာတမ်းကို ဖတ်ကြားပြီး    ကချင်ပြည်နယ် သံဃနာယကအဖွဲ့       ဥက္ကဋ္ဌ မိုးကောင်းမြို့ မဟာတိလောကာ ရာမကျောင်းတိုက် ပဓာနဆရာ တော်    ဘဒ္ဒန္တ    အာစိဏ္ဏထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်   တရားသူကြီး ချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များနှင့်   ၎င်းတို့၏   ဇနီးများ၊ ပြည်နယ်၊   ခရိုင်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော    ဧည့်သည်တော်များက ငါးပါးသီလ   ခံယူဆောက်တည် ကြသည်။

 


ထို့နောက်       မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ  မဟာဂန္ဓာရုံကျောင်းတိုက်မှ နိုင်ငံ  တော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာ တော်(ရွှေကျင်) ဘဒ္ဒန္တဟိတေသိတ က သမ္မောဒနီယသြဝါဒကထာကို မြွက်ကြား          ချီးမြှင့်တော်မူပြီး  ပြည်နယ်ဝန်ကြီးချုပ်  ကိုယ်စား ပြည်နယ်      လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက  သာသနာတော် ဆိုင်ရာများ        လျှောက်ထား သည်။

 


ယင်းနောက် ဘွဲ့တံဆိပ်တော် များကို     ဆက်ကပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်၊     ဒုတိယ တိုင်းမှူး၊  ပြည်နယ်ဝန်ကြီးများ  က     ကချင်ပြည်နယ်အတွင်းမှ ဘွဲ့တံဆိပ်တော်ရ ရဟန်း/သံဃာ  တော် ခြောက်ပါးတို့အားလည်း ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက   ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး သုံးပါးတို့အား  လည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က   ပူတာအိုမြို့  လုံးစွတ် ရပ်ကွက်နေသူ  ဦးအောင်အောင် အား  ဘွဲ့တံဆိပ်တော်   ချီးမြှင့် ပေးအပ်သည်။     ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့မှ     သာသနာ့ဗိမာန် တော် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက်      အလှူငွေကျပ်သိန်း   ၁၀၀   ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း   သိရသည်။


ပြည်နယ်(ပြန်/ဆက်)