ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အင်အား ၁၀၀၀ ကျော်ဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းကို စုပေါင်းဆောင်ရွက်

 

မြစ်ကြီးနား   မေ   ၇


ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့ များ၏   စုပေါင်းအင်အားဖြင့်   ပြည်သူ့အကျိုးပြု လုပ်ငန်းဖြစ်သည့်     မြို့ပြသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို   ယနေ့နံနက်ပိုင်းက   မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း   တစ်ပျော်တစ်ပါး  စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

 


ထို့သို့  ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်မြတ်သက်ဦး၊   ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီး များ၊   ပြည်နယ်ဝန်ကြီးများသည်    မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၏ စုပေါင်းအင်အား ၅၅၀ ကျော်တို့နှင့်အတူ သစ်ပင်ကြီးနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို ပါဝင်ဆောင်ရွက် ခဲ့ကြသည်။

 


အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စည်ပင်သာယာဆိပ်ကမ်းမှ  ဝန်းသို ကျောင်းအထိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊  တပ်မတော်သားများနှင့် လူမှုပရဟိတအဖွဲ့များ၏ စုစုပေါင်းအင်အား ၆၀၀ တို့ဖြင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူ့အကျိုး ပြု သန့်ရှင်းရေးလုပ်ငန်းအား  အတူတကွ  ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)