
နေပြည်တော် သြဂုတ် ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး (ဟောင်း)များဖြစ်ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့် တို့နှင့် ဆက်စပ်တာဝန်ရှိပုဂ္ဂိုလ်များ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်း စစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ကချင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး(ဟောင်း) ဦးဝင်းညွန့် တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့ စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မူလ လျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံ ရမည့် ငွေကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည်အသွေး မပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းများကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ ခက်အောင်၊ ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး(ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းတို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ် အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ ကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာမှုမရှိ ခြင်း၊ ကချင်ပြည်နယ် သတ္တုတွင်းဦးစီး ဌာန၏ ဒေသပေါက်ဈေး သတ်မှတ်မှု တစ်တန်လျှင် ၆၀၀၀၀ ကျပ် ဖြစ်သော် လည်း တစ်တန်လျှင် ၃၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့သဖြင့် တန် ၁၀၀၀၀ အတွက် နိုင်ငံတော်ဘဏ္ဍာ ငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့် ကြော်ငြာစာအမှတ် (၇၀/၂၀၂၀)အရ သလင်းကျောက် ရောင်းချရရှိငွေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာ ငွေများ ဆုံးရှုံးစေခဲ့ကြောင်း။
ဆုံးရှုံး
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်(ဟောင်း) ဒေါက်တာခက်အောင်နှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး(ဟောင်း) ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉ တွင် သုံးစွဲခွင့်မရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund- GRF) မှ ငွေကျပ် ၁၄၉၂ ဒသမ ၄၀၀ သန်းကို ထပ်မံသုံးစွဲ ရာတွင် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနက ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီကြောင်း တင်ပြ ခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က ဆက်လက် သုံးစွဲဆောင်ရွက်ခဲ့ခြင်း ကြောင့် နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ ခက်အောင်နှင့် ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် မြေမြင့်ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ် ရေပြွန်နှစ်စင်း တည်ဆောက်ခြင်း၊ တပ်ကုန်းရပ်ကွက်အတွင်း ကတ္တရာခင်း ခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက် ခြင်း၊ ဒူကထောင်ရပ်ကွက် ကတ္တရာလမ်း သစ် ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန် သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း သုံးခုအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၈ သန်းကျော်ကို နိုင်ငံတော်သမ္မတရုံး ၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်မှုမရှိခြင်း၊ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းတို့သည် နိုင်ငံတော်၏ဘဏ္ဍာငွေ ထိခိုက် နစ်နာဆုံးရှုံးစေခဲ့ခြင်းဖြစ်ကြောင်း။
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (ဟောင်း) ဦးဇော်ဝင်းသည် နိုင်ငံရေး ရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း နယ်စပ်စစ်ဆေး ရေးဂိတ် တာဝန်ခံ ဝန်ထမ်းများထံမှ သစ်သီးဂျပ်ဖာများ၊ ငွေနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၂၁ သိန်းခန့်ကို လက်ခံရယူခဲ့ ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ တံစိုးလက်ဆောင် လက်ခံရယူခဲ့ ခြင်းဖြစ်ကြောင်း။
ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင်ရောင်းချရရှိငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင် သောအဖွဲ့များကို ဆုကြေးငွေကျပ် ၁၅၇ သန်းကျော်ကို ခွဲဝေပေးရာတွင် ၎င်း အတွက် ငွေကျပ် ၅၇ သန်းကျော်ကို ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့် ရယူ ခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန် ခြင်း ဖြစ်ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းသည် ၂၀၂၀ ပြည့် နှစ်အတွင်း မိုးကောင်းမြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိ သော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ တောင်းခံရယူခဲ့ ကြောင်း။
အဂတိလိုက်စားမှုကျူးလွန်ခြင်း
ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး(ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ် NLD ပါတီရုံးနှင့် ဖားကန့် မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အတွက် အကြောင်းပြကာ ကျောက်မျက် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့ကြောင်း။
ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး(ဟောင်း)ဦးဝင်းညွန့် သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း ဝိုင်းမော်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင် များထံမှ ငွေကျပ်သိန်း ၂၀၀ ကို လည်း ကောင်း၊ နေပြည်တော် ပါတီသုတေသန ရုံး လိုအပ်သောပစ္စည်းများ ဝယ်ယူရန် အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံရယူခဲ့ ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်း။
ကချင်ပြည်နယ် စည်ပင်သာယာ ရေးနှင့် လူမှုရေးဝန်ကြီး(ဟောင်း) ဦးနေဝင်း၊ ကချင်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး(ဟောင်း) ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်နှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေး မှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင် သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော် ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင် စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော် ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာဆုံးရှုံးစေခြင်း ဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက် သဖြင့် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ ခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း)များဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ကချင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေပုဒ်မ ၅၆ အရလည်းကောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်