ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ ရေရှည်စီမံကိန်း လက်ရှိကာလ၏ လိုအပ်ချက်များကိုလည်း ချိန်ညှိရေးဆွဲရန်လို

မြစ်ကြီးနား   စက်တင်ဘာ   ၁၂
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး    ပြည်နယ် ဘဏ္ဍာ၊        ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်   ဆောင်ရွက်မည့်  စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၁၁ ရက်က ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က  ကချင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ရာ တွင် ရေတို/ ရေရှည်စီမံကိန်းသည်  ပြည်နယ်၏ အနာဂတ်အတွက် စီမံရေးဆွဲရမည်ဖြစ်သလို လက်ရှိ ကာလ၏ လိုအပ်ချက်များကိုလည်း ချိန်ညှိရေးဆွဲရန် လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ နှင့်အညီ ပြည်နယ်၏ စီမံကိန်းရေးဆွဲချမှတ်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊ လိုလားချက်နှင့် မျှော်မှန်း ချက်များအပေါ်မူတည်ပြီး ရွေးချယ်မှုနှင့် ရည်မှန်း ချက် ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ များကို    တိုက်ရိုက်အကျိုးပြု   ဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းအကောင်အထည် ဖော်    ဆောင်ရွက်ရမည်ဖြစ်ကြောင်း   တိုက်တွန်း မှာကြားသည်။ 
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုး ဆွေက   အကောင်အထည်ဖော်   ဆောင်ရွက်မည့်  စီမံကိန်းလုပ်ငန်းများ နိုင်ငံတော်၏ လမ်းညွှန်ချက်၊ ပြည်နယ်အစိုးရ၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များ အပေါ်အခြေခံ၍     ရေးဆွဲဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားပြီး    ပြည်နယ်စီမံကိန်းရေးဆွဲ ဦးစီးဌာန ဦးစီးမှူး ဒေါ်ဟန်အေးက ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို/ ရေရှည်လုပ်ငန်းစီမံကိန်း များ  ရေးဆွဲဆောင်ရွက်ထားရှိမှု   အခြေအနေများနှင့်  အကောင်အထည်ဖော်  ဆောင်ရွက်မည့်   ဦးစားပေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်   ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက်   ဖွံ့ဖြိုးရေးလုပ်ငန်းများ၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာ ရေးနှင့်    လူသားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ၊  သဘာဝပတ်ဝန်းကျင်နှင့်   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကဏ္ဍများအလိုက်  ရေတို/ ရေရှည် ကာလများအတွက်   ဆောင်ရွက်မည့်   စီမံကိန်း လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြသည်။ 
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ကိန်းလုပ်ငန်းများကို   အမှန်တကယ်    အကောင် အထည်ဖော်   ဆောင်ရွက်ရာတွင် ပြည်သူများကို  တိုက်ရိုက်အကျိုးပြုစေပြီး ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုကွာဟမှုမရှိစေရေးကို    အလေးထား ဆောင်ရွက်သွားရေး၊ ရေတိုကာလအတွက်  အဓိက လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်စေရေးနှင့် ကိုဗစ် အလွန်ကာလများတွင် ထိခိုက်နိုင်သည့် စီးပွားရေး ကဏ္ဍများကို ပြန်လည်ကုစားပေးနိုင်သည့် စီမံကိန်း လုပ်ငန်းများဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ပြည်နယ်(ပြန်/ဆက်)