
နေပြည်တော် ဩဂုတ် ၂၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တွင် ငွေကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာအနီးတွင် သတင်းအရ အိုက်အောင်(၃၆ နှစ်)အား ရှာဖွေ ရာ ဘိန်းဖြူအလေးချိန် ၃၉၆ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး မှော်စီစာ ကျေးရွာရှိ ၎င်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၆၀၀၊ဘိန်းဖြူ အလေးချိန် ဂရမ် ၂၉၇၀ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မူးယစ်ဆေးဝါး များ လက်ခံမည့်သူ မအေးညွန့် (၃၆ နှစ်) ကို ဖားကန့်မြို့နယ် လုံးခင်း-ဖားကန့်သွား ကား လမ်း အောင်သာယာရပ်ကွက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးများ ပို့ပေးခဲ့သူ လီတား(၃၅ နှစ်)ကို မြောက်ဖြူကျေးရွာရှိ နေအိမ်တွင် လည်းကောင်း ဆက်လက်ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ ည ၇ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးများ ပိုင်ရှင် မျိုးအောင်(၅၃ နှစ်)ကို ဖားကန့် မြို့နယ် လုံးခင်းကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၅၅၅၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်