ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ

 

မြစ်ကြီးနား      မေ    ၂၉


ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ် အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၉   ရက်  နံနက်   ၉  နာရီခွဲတွင်   မြစ်ကြီးနားမြို့ အမှတ်(၁)    အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ရှေးဦးစွာ   ၂၀၂၂-၂၀၂၃     ပညာသင်နှစ်   ကချင် ပြည်နယ်   ကျောင်းအပ်နှံရေးနေ့   အထိမ်းအမှတ်  ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်  ဦးတူးဂျာ၊  ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး       ဦးကျော်မင်းခိုင်၊ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


အမှာစကားပြောကြား


ထို့နောက် အေးမြသီတာခန်းမ၌ ကျောင်းအပ်နှံ ရေးနေ့   အခမ်းအနားကို   ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူလေးများက တို့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်      ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အမှာ စကား ပြောကြားသည်။

 


ဗလာစာအုပ်များ ပေးအပ်လှူဒါန်း


ဆက်လက်၍   နိုင်ငံတော်မှ   ကျောင်းသား ကျောင်းသူများအတွက်    အခမဲ့ထောက်ပံ့ပေးအပ် သည့်   ပုံနှိပ်စာအုပ်များနှင့်   ဗလာစာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က    အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် လည်းကောင်း၊ ဒုတိယဝန်ကြီးက အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက်လည်းကောင်း၊  မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား ကျောင်းသူများ အတွက်လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြပြီး   မြစ်ကြီးနားတက္ကသိုလ်   ပါမောက္ခချုပ်က ပြည်နယ်ပညာရေးမှူးထံ ဗလာစာအုပ် ဒါဇင် ၆၀ ကို ပေးအပ်လှူဒါန်းသည်။

 


နှုတ်ဆက်အားပေး


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊  ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံရန်လာရောက် ကြသည့်  ကျောင်းသားမိဘများနှင့်   ကျောင်းသား ကလေးငယ်များအား    ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်အားပေးကြပြီး ကျောင်းသား ကျောင်းသူ များအတွက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို   ထောက်ပံ့ပေးအပ်ကြကာ သက်တမ်းလွန်ကျောင်းဆောင်များအား       ပြုပြင် တည်ဆောက်နိုင်ရေး   ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

                     
  ပြည်နယ်(ပြန်/ဆက်)