
ရန်ကုန် နိုဝင်ဘာ ၃၀
ကိုရီးယားသမ္မတနိုင်ငံတွင် သံတမန် အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ခြင်းအပါအဝင် အခြားစွမ်းဆောင်မှု များကြောင့် Korea Consumer Global Council က ချီးမြှင့်သည့်ဆုကို ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံ ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထံမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန့်စင်သည် နိုဝင်ဘာ ၂၉ ရက်က ဆိုးလ်မြို့ရှိ Korea Press Center ၌ကျင်းပသည့် ကိုရီးယားသမ္မတ နိုင်ငံရှိ Korea Consumer Global Council က Korea Consumer Brand Grand Prize Awards ၏ တစ်စိတ်တစ်ဒေသ အဖြစ် အပ်နှင်းသည့် 2023 Best Am-bassador Award ကိုလက်ခံရရှိခဲ့ကာ ၂၀၂၁ ခုနှစ်ကလည်း Best Ambassador Award ကို သံအမတ်ကြီးက လက်ခံရရှိ ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ဆုပေးခဲ့ခြင်းနှင့် ပတ်သက်၍ Korea Consumer Brand Awards Committee ၏ဥက္ကဋ္ဌဖြစ်သူ Mr. Kim Cheol-ho က မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံတွင် သံတမန် အခန်းကဏ္ဍ၌ တက်ကြွစွာပါဝင်ဆောင် ရွက်ခဲ့ခြင်း၊ Korea Consumer Global Council သို့ စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်ခဲ့ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်အတွက် Best Ambassador Award ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါဆုသည် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာစေရန် အားဖြည့်ပေးခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ၏ Polytechnic University နှင့် မြန်မာနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သံတမန်ကဏ္ဍ၊ စီးပွားရေးနှင့်ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု များကို Korea Consumer Global Council နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သံအမတ်ကြီး ဦးသန့်စင်က Best Ambassador Award ကို လက်ခံရယူပြီးနောက် ပြောကြားသည့် ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားသည်။
မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် အတူ ဖိလစ်ပိုင်နိုင်ငံနှင့် အယ်လ်ဂျီးရီးယား နိုင်ငံတို့မှ သံအမတ်ကြီးများကိုလည်း 2023 Best Ambassador Award ဆုများ အပ်နှင်း ခဲ့ကြောင်း သိရသည်။
ထက်ဦးမောင်