ကိုရီးယားနိုင်ငံအစိုးရက မြန်မာလုပ်သားအရေး မည်သည့်ညွှန်ကြားချက်နှင့် ရပ်တည်ချက်ကိုမျှ ကြေညာထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုရီးယားသံရုံး ထပ်မံအသိပေး

 

ရန်ကုန်   ဒီဇင်ဘာ   ၁၃
ကိုရီးယားသမ္မတနိုင်ငံသို့      ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် စပ်လျဉ်းသော ကြော်ငြာများကို မြေပြင် (offline)နှင့် အွန်လိုင်း(online)ပေါ်တွင်  ဆက်လက် ကြော်ငြာနေဆဲရှိနေပြီး ကိုရီးယားနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံသား ရာသီချိန် လုပ်သားနှင့်   ပတ်သက်စပ်လျဉ်းသော မည်သည့်ညွှန်ကြားချက်နှင့်   ရပ်တည် ချက်ကိုမျှ ကြေညာထုတ်ပြန်ထားခြင်း   မရှိကြောင်း        မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံရုံးက အသိပေးထားသည်။
မြန်မာနိုင်ငံဆိုင်ရာ      ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ သံရုံးက ၂၀၂၃ ခုနှစ် အောက်တိုဘာလက      ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသား ရာသီချိန်လုပ်သား    စေလွှတ်ရေးနှင့် စပ်လျဉ်းသော ကြော်ငြာများကို မြေပြင် (offline)နှင့်  အွန်လိုင်း(online)ပေါ်တွင် ဆက်လက်ကြော်ငြာနေဆဲ  ရှိနေသည် ကို တွေ့မြင်နေရကြောင်း ဆိုသည်။
ထို့ကြောင့်    ကိုရီးယားနိုင်ငံအစိုးရ သည်   မြန်မာနိုင်ငံသား   ရာသီချိန် လုပ်သားနှင့်  ပတ်သက်စပ်လျဉ်းသော မည်သည့်ညွှန်ကြားချက်နှင့် ရပ်တည် ချက်ကိုမျှ ကြေညာထုတ်ပြန်ထားခြင်း မရှိကြောင်း   ထုတ်ပြန်ခဲ့ပြီး  ယခင်က လည်း အလားတူ သတင်းမျိုး ထွက်ပေါ်ခဲ့ သည့်အတွက် ထုတ်ပြန်ခဲ့ရသေးသည်။
ခိုင်လုံသောသက်သေမရှိဘဲ   ကိုရီး ယားအစိုးရ၏ ရပ်တည်ချက်ကို ကိုယ်စား ပြုကြေညာနေသည့် အပြုအမူများအပေါ် လည်း   သံရုံးက   အထူးအသိပေးထား ကြောင်းလည်း     ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နယ်ဘက်တွေကျတော့ သတင်း တွေလည်း    သိပ်မသိကြ၊    မဖတ်ဖြစ်ကြ တော့ ကိုရီးယားကို ရာသီချိန်လုပ်သားစေလွှတ်ဖို့ဆိုပြီး  လူတွေခေါ်တော့ အမျိုး သား၊ အမျိုးသမီး  တော်တော်များများ လိုက်ဖို့ လုပ်လိုက်ကြသေးတယ်။ တချို့ ကျတော့လည်း သိတဲ့သူတွေက တားကြ တော့     မလိုက်ဖြစ်ကြတော့ဘူး”   ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ကိုရီးယားသမ္မတ နိုင်ငံသို့    အစိုးရပြည်ပအလုပ်အကိုင်   အေဂျင်စီ (POEA)မှတစ်ဆင့် EPS စနစ် ဖြင့်သာ မြန်မာလုပ်သားများကို စေလွှတ် လျက်ရှိကြောင်း သိရသည်။           
 MT