ကိုရီးယားစစ်ပွဲအဆုံးသတ်ရန် တောင်ကိုရီးယား၏တောင်းဆိုမှု ဆန္ဒစောလွန်းနေသေးဟု မြောက်ကိုရီးယားပြော

 

ပြုံယမ်း  စက်တင်ဘာ   ၂၄ 


ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ် ရန် တောင်ကိုရီးယား၏ ကြေညာပေး ရန်တောင်းဆိုမှုသည် ဆန္ဒစောလွန်း နေသေးကြောင်းနှင့်          ယင်းက မြောက်ကိုရီးယားအပေါ် ချမှတ်ထား သော အမေရိကန်၏   ပြင်းထန်သော မူဝါဒကို  ဖြေလျှော့ပေးရာတွင်လည်း အာမခံချက်ပေးနိုင်မည်      မဟုတ် ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ ကေစီအင်န်အေက နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရီတေ ဆောင်၏ပြောကြားချက်ကို ကိုးကား ပြီး စက်တင်ဘာ ၂၄ ရက်က ဖော်ပြ သည်။


တောင်ကိုရီးယားသမ္မတ မွန်ဂျေ အင်း သည်       ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ပြောကြားသော မိန့်ခွန်း တွင် ကိုရီးယားစစ်ပွဲ အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စု နှင့်အတူ ကိုရီးယားနှစ်နိုင်ငံ သို့မဟုတ် အမေရိကန်နှင့်  တရုတ်က   အဆိုပါ ကြေညာချက်ကို  ဆောင်ရွက်ပေးရန် အဆိုပြုခဲ့သည်။ 


ငြိမ်းချမ်းရေးသဘောတူညီချက်ဟု     ပြောရမည့်အစား အပစ်ရပ်စဲရေး သဘောတူညီချက်ဖြင့်   အဆုံးသတ် ခဲ့သော ၁၉၅၀-၅၃ ပဋိပက္ခပြီးနောက် ကိုရီးယားနှစ်နိုင်ငံသည်     လုပ်ထုံး လုပ်နည်းအရ      စစ်ပွဲ ဆက်လက် ဖြစ်လျက်ရှိသေးသည်။ 


မြောက်ကိုရီးယားနိုင်ငံနှင့်  ပတ် သက်ပြီး ရပ်တည်ချက်မပြောင်းသရွေ့ အမေရိကန်တို့၏    ပြင်းထန်သော မူဝါဒ မရုပ်သိမ်းသရွေ့ နိုင်ငံရေးအခြေ အနေမှာ      ပြောင်းလဲမည်မဟုတ် ကြောင်း ရီက ပြောသည်။ 


ကိုရီးယားကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေးအတွက်   အမေရိကန် ပြည်ထောင်စု၏ ပြင်းထန်သောမူဝါဒ ကို ရုပ်သိမ်းရေးသည်      ထိပ်တန်း ဦးစားပေးကိစ္စဖြစ်ကြောင်း   ၎င်းက ပြောသည်။ 


အမေရိကန်နှင့်        ဆွေးနွေးခြင်း သည်  ၎င်း၏  အကျိုးစီးပွားအတွက် ဖြစ်ကြောင်းကို      ပြုံယမ်းအနေဖြင့် တဖြည်းဖြည်းနားလည်သဘောပေါက် မည်ဟု ယုံကြည်ကြောင်း၊   သို့သော် လည်း ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည့် မိမိ၏သမ္မတသက်တမ်းတွင် အကောင် အထည်ပေါ်လာဖို့  မကျိန်းသေသေး ကြောင်း  တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောသည်။


 အင်န်အိတ်ချ်ကေ