ကျိုင်းတုံမြို့နှင့် မြိတ်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ    ၁၇     

ရှမ်းပြည်နယ်       (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့်     ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်း တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ ဆင်နှစ်ကောင် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေး  စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က အရိုးအကြောရောဂါ၊     သွားနှင့် ခံတွင်းရောဂါ၊      မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊    လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်  ၍ သံဃာတော် ၂၃ ပါးနှင့် ဒေသခံ ပြည်သူ ၁၀၀ တို့ကို လိုအပ်သည့် ကျန်းမာရေး      စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ် ပေးခြင်းနှင့်  ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့       တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးနေမှုများကို     တိုင်းမှူး ဗိုလ်ချုပ်     အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က တနင်္သာရီတိုင်း ဒေသကြီး     မြိတ်မြို့    နတ်မော် ဘုန်းတော်ကြီးသင်    ပညာရေး ကျောင်းမှ သံဃာတော် ၁၁ ပါး၊ သာသနာ့နွယ်ဝင်သီလရှင်  ၃ ပါး နှင့်   ကျောင်းသား  ကျောင်းသူ ၄၇၈ ဦးတို့ကို    အဆိုပါ   ကျောင်း တိုက်၌    အရိုးအကြောရောဂါ၊     မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ အရေပြားရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ    ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်  ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး      စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ် ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်         လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို    တိုင်းမှူး    ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးကာ ကျောင်းတိုက် ဆရာ တော်  အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဉာဏိဿရအား ဆွမ်းဆန်တော်၊   ဆီနှင့်  လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်