
ကျိုင်းတုံ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က မြို့တော် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့ဦးဆောင်၍ တက် ရောက်လာကြသူများက နိုင်ငံ တော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ဖတ် ကြားသည်။
ဆက်လက်ပြီး (၇၅) နှစ် မြောက် စိန်ရတု ပြည်ထောင်စု နေ့အထိမ်းအမှတ် ရှမ်းပြည်နယ် အရှေ့ပိုင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်း စကားပြော ပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသည့် အခြေခံပညာအထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့ ဖျားနာလူနာကုသမှု ဆေးခန်းအဖွဲ့ဝင်များနှင့် တိုင်းနေ ကူညီမှုအသင်း၊ နှလုံးလှပိုင်ရှင်များ အခမဲ့လူမှုကူညီရေးအသင်း၊ မိဘ သွေးသွေး အလှူရှင်နှင့် နာရေး ကူညီမှုအသင်းတို့အား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ် မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိ သူများက ငွေသားဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်
(ပြန်/ဆက်)