
နေပြည်တော် မေ ၂၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံ ရေးနေ့ကို ယနေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်း ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ပညာရေးဝန်ကြီးဌာန၊ အခြေ ခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ပြည်နယ်၊ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းသား မိဘများ၊ မြို့မိမြို့ဖများ၊ ပညာ ရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ပညာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ် အဆင့်ကျောင်းအပ်နှံရေး ဆိုင်းဘုတ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသား သီချင်းဖြင့် သီဆိုကြသည်။
ထို့နောက် တိုင်းမှူးက အဖွင့် အမှာစကားပြောကြားပြီး တိုင်းမှူး နှင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တို့က ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေးကိရိယာ များ ပေးအပ်ရာ ပြည်နယ်ပညာ ရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက “ပြည်ထောင်စု ကြီး ထာဝရတည်တံ့စေသား၊ ပန်းကလေးများရဲ့ ဥယျာဉ်မှူး၊ ထာဝရမြန်မာ၊ ပြည်မြန်မာ” စသည့် သီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများအား သင်ကြား ပို့ချမည့် သင်ထောက်ကူပစ္စည်း ပြ ခန်းများအား လှည့်လည်ကြည့်ရှု ကြပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်