ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၁၅


ရှမ်းပြည်နယ်    (အရှေ့ပိုင်း)  ကျိုင်းတုံမြို့   ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး     နှစ် (၁၀၀)ပြည့်     အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊  ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့်  ဗုဒ္ဓါဘိသေက  အနေကဇာတင်    မဟာမင်္ဂလာ အခမ်းအနားကို   သာသနာတော် နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်  တပို့တွဲလပြည့်နေ့ ယနေ့    နံနက်ပိုင်းတွင်   ကျင်းပ ရာ     ကျိုင်းတုံမြို့   ကျိုင်းယင်း ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာ    သဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊  သံဃာတော်  အရှင် သူမြတ်များ    ကြွရောက်ချီးမြှင့် တော်မူကြသည်။ 


တက်ရောက်


အဆိုပါ          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့်   မိသားစု ဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ    ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊    ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့်          ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊   ဒေါက်တာ သက်ခိုင်ဝင်း၊    ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့  အဖွဲ့ဝင် ဒေါက်တာ      ဒေါ်ရင်ရင်နွယ်၊ ကာကွယ်ရေးဦးစီးချုပ်    (ရေ) ဗိုလ်ချုပ်ကြီး   မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်    (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊  ကာကွယ်ရေး       ဦးစီးချုပ်ရုံးမှ တပ်မတော်  အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း  နှင့်  တာဝန်ရှိသူများ၊  ဖိတ်ကြား ထားသည့်  ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်း အဖွဲ့များ၊  ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  ရိုးရာယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ကြ သည်။


ကပ်လှူပူဇော်


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်သည် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား      ဖူးမြော် ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊    သစ်သီး ဆွမ်းတော်၊   ပန်းမန်နံ့သာနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
ထို့နောက်         အစီအစဉ်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများက   ကျိုင်းယင်းကျောင်း တိုက် ဆရာတော်ကြီးထံမှ  ကိုးပါး သီလ   ခံယူဆောက်တည်ကြပြီး ဥပါသကာများက    ပရိတ်ပန်း၊ ပရိတ်ရေ၊  ပရိတ်ချည်၊  ပရိတ်သဲ များကို      သံဃာတော်များထံ ဆက်ကပ်သည်။       ထို့နောက် သံဃာတော်    အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။


ပက်ဖျန်းကြဲဖြန့်


ယင်းနောက် ဥပါသကာများက  ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို    ယူဆောင်၍ မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိ ကျောင်းဆောင်တော် ပရိဝုဏ်တွင်      ပက်ဖျန်းကြဲဖြန့်  ချည်နှောင်ကြ သည်။ 
ဆက်လက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး       ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး တို့က      ရတနာစိန်ဖူးတော်နှင့်         လှူဖွယ်       ပစ္စည်းများအား ကျိုင်းယင်း           ကျောင်းတိုက်   ဆရာတော်ကြီးထံလည်းကောင်း၊ မိသားစုဝင်များက       ငှက်မြတ်  နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ် ပစ္စည်းများကို     နဂါးနှစ်ကောင် ကျောင်းတိုက်      ဆရာတော်ကြီး ထံသို့လည်းကောင်း     ဆက်ကပ်        လှူဒါန်းကြပြီး       နိုင်ငံတော်စီမံ အုပ်ချုပ်ရေး  ကောင်စီဝင်များနှင့် ပြည်ထောင်စု          ဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား  သံဃာ တော်      အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ 
ရေစက်သွန်းချ
ထို့နောက် လဲချားမြို့ ဟော်ခမ်း ကျောင်းတိုက်       ဦးစီးပဓာန နာယက   နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊           အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဘောဂ ထံမှ  အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။ 
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး         ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၊    ဇနီး၊ မိသားစုဝင်များနှင့်   အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်  ဒေသခံပြည်သူ များသည်    ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်          တို့အား ပင့်ဆောင်၍      ဂန္ဓကုဋိကျောင်း ဆောင်တော်အား    လက်ယာရစ် လှည့်လည်ပင့်ဆောင်        ပူဇော် ကြသည်။  ထို့နောက်  မင်္ဂလာ အချိန်တွင်    ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဒေသခံ  တိုင်းရင်းသား     ပြည်သူများနှင့် အတူစုပေါင်း၍ မင်္ဂလာကြိုးဆွဲကာ   မင်္ဂလာရထားပျံဖြင့်        ဂန္ဓကုဋိ ကျောင်းဆောင်တော် အထွတ်သို့ ပင့်ဆောင်   တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည်များ    ပက်ဖျန်း ကြကာ      ရတနာစိန်ဖူးတော်၊  ငှက်မြတ်နားတော်  တင်လှူပူဇော် အောင်မြင်ခြင်း  အထိမ်းအမှတ်   ရတနာရွှေမိုး၊ ငွေမိုးများ  ရွာသွန်း ဖြိုးကြသည်။
ဆက်လက်ပြီး     သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍   ဗုဒ္ဓါဘိသိက် သွန်းတော်မူကြပြီး  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု          သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။ အခမ်း အနားအပြီးတွင်         နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး၊ အခမ်းအနား  တက်ရောက်လာကြ သူများသည် ဆရာတော်၊  သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ    တက်ရောက် လာကြသည့်     ဧည့်သည်တော် များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။


ကြည့်ရှုလေ့လာ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့  မဟာမြတ်မုနိဘုရား ကြီး    နှစ်(၁၀၀)ပြည့်   အထိမ်း အမှတ်  ပြခန်းအတွင်း  ခင်းကျင်း ပြသထားသည့်    မဟာမြတ်မုနိ ဘုရားကြီး သမိုင်းအကျဉ်း၊  ကျိုင်းတုံ ဒေသသို့       မြတ်ဗုဒ္ဓသာသနာ ရောက်ရှိလာပုံ၊ ဂုံရှမ်းဘာသာနှင့် စာပေပေါ်ထွန်းခဲ့မှု၊       ခေတ် အဆက်ဆက်  အုပ်ချုပ်ခဲ့ကြသည့် စော်ဘွားကြီးများ၊  ကျိုင်းတုံမြို့ သမိုင်းအကျဉ်းတို့ကို  လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ         ကျိုင်းတုံမြို့ ကျက်သရေဆောင်  မဟာမြတ်မုနိ ဘုရားကြီးကို  ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂၁ ခုနှစ် တွင် ကျိုင်းတုံနယ်ရှင်  စော်ဘွား ကြီး စောကွန်းကျောက်အင်းထရိုင် က    ကျိုင်းတုံဒေသတွင်    ဗုဒ္ဓ သာသနာတော်  တည်တံ့စေရန်၊ သာသနာတော်      နေလိုလလို ထွန်းလင်းစေရန်   ရည်ရွယ်၍ မန္တလေးမြို့ဟောင်း    ဘူတာရုံ အနောက်ဘက်    လေးအိမ်တန်း ရပ်နေ  ပန်းပုပညာရှင်ဆရာကြီး ဦးသစ်ထံတွင် သွန်းလောင်းပူဇော် ခဲ့ခြင်းဖြစ်ကြောင်း၊   သွန်းလောင်း ပူဇော်အပြီးတွင်   ထိုစဉ်အခါက မန္တလေးမှ    ကျိုင်းတုံမြို့အထိ မော်တော်ယာဉ်    လမ်းပေါက် ရောက်ခြင်းမရှိသဖြင့်    ရုပ်ပွား တော်ကို     အပိုင်းပိုင်းဖွဲ့ယူကာ လူအင်အား၊ ကျွဲလှည်း  အင်အား များစွာဖြင့် ခရီးလမ်းပန်း  အခက် အခဲပေါင်းများစွာကို ဖြတ်ကျော်၍ စေတနာ   သဒ္ဓါတရားထက်သန် စွာဖြင့်  ပင့်ဆောင်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ကောဇာသက္ကရာဇ်  ၁၂၈၈ ခုနှစ်တွင် ဝိဟာရကျောင်း တော်ကို    တည်ဆောက်ခဲ့ပြီး    ကျောင်းတော်အတွင်းရှိ ပလ္လင် တော်သို့ ဘုရားကြီးကို ပင့်ဆောင် တော်မူခဲ့ကြောင်း၊   ထို့နောက်   ခေတ်အဆက်ဆက်  အစိုးရများ၊   ဒေသခံပြည်သူများ၊ စေတနာရှင်      အလှူရှင်များက ဘုရားကြီးအား  ရေရှည်တည်တံ့   ခိုင်မြဲအောင်        ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ပြီး နှစ်စဉ် နှစ်တိုင်း  တန်ဆောင်မုန်းလပြည့် နေ့ကို မဟာမြတ်မုနိဘုရားပွဲအဖြစ် သတ်မှတ်ကာ  အစဉ်အလာမပျက် ထိန်းသိမ်း    ဆောင်ရွက်ခဲ့ကြ ကြောင်း၊    လက်ရှိအချိန်တွင် ကျိုင်းတုံမြို့  ကျက်သရေဆောင် မဟာမြတ်မုနိ   ဘုရားကြီးသည် နှစ်ပေါင်း   ၁၀၀  သက်တမ်းရှိပြီ ဖြစ်ပြီး      သမိုင်းဝင်ဘုရားကြီး ရေရှည်တည်တံ့   ခိုင်မြဲစေရေး ဆက်လက်ပြုပြင်မွမ်းမံထိန်းသိမ်း ဆောင်ရွက်လျက်  ရှိကြောင်းနှင့် ဘုရားကြီး     နှစ်(၁၀၀)  ပြည့် အထိမ်းအမှတ်အဖြစ်   ဦးဆောင် ဘုရားဒါယကာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး       ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်၊    ဇနီး ဒေါ်ကြူကြူလှနှင့်     မိသားစုဝင် များ၊  စေတနာရှင်အလှူရှင်များ၊  ဒေသခံတိုင်းရင်းသား   ပြည်သူ တို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရတနာ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက  အနေ ကဇာတင်   မဟာမင်္ဂလာအခမ်း အနားကို ယနေ့တွင် အောင်မြင်စွာ   ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။


သတင်းစဉ်