ကျိုင်းတုံခရိုင်နှင့် မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကျိုင်းတုံ အောက်တိုဘာ ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ခရိုင် မိုင်းယန်းခရိုင်နှင့်   မက်မန်း ခရိုင်အတွင်း  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့်    မဲရုံများ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်း         အစည်းအဝေးကို အောက်တိုဘာ   ၁၃ ရက်က ရှမ်းပြည်နယ်    (အရှေ့ ပိုင်း)     ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရုံး   အစည်းအဝေးခန်းမ၌   ကျင်းပသည်။

 


မဲရုံသုံးပစ္စည်းများ ဖြည့်ဆည်း


ရှေးဦးစွာ       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့်   ဦးမင်းမင်းဦးတို့က လာမည့်   ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ  ၂၀၀၈ ခုနှစ်နှင့်အညီ  လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး      မြို့နယ်များအလိုက် အခြေခံမဲဆန္ဒရှင်   စာရင်းများ ပြည့်စုံမှန်ကန်ရေး   ပြောင်းဝင်၊ ပြောင်းထွက်၊  သေဆုံး   စသည့် လူဦးရေစာရင်းများကို    ရွေး ကောက် ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့်  ပူးပေါင်း ၍ လစဉ် Update  ဖြစ်အောင် ဆောင်ရွက်ရမည်  ဖြစ်ကြောင်း၊ မြို့နယ်များအလိုက် မဲပေးပိုင်ခွင့်ရှိ သူများ     အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံနေရာချထား မှု၊ မဲရုံသုံးပစ္စည်းများ ဖြည့်ဆည်း ခြင်းနှင့်  လိုအပ်ချက်များ  ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

 


မဲရုံများ  လျာထားသတ်မှတ်   


ထို့နောက်     ရှမ်းပြည်နယ် (အရှေ့ပိုင်း)        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊     ရွေးကောက်ပွဲ အရာရှိ    ဦးကျော်မိုးက    ရှမ်း ပြည်နယ်(အရှေ့ပိုင်း)  အတွင်း မဲဆန္ဒရှင်စာရင်းများ        ပြည့်စုံ မှန်ကန်ရေး လစဉ်စိစစ်ဆောင်ရွက် နေမှုများနှင့်  မဲရုံများ  လျာထား သတ်မှတ်   ဆောင်ရွက်ထားရှိမှု အခြေအနေများကို    ရှင်းလင်း တင်ပြပြီး ကျိုင်းတုံခရိုင်၊ မိုင်းယန်း ခရိုင်၊ မက်မန်းခရိုင်နှင့်   မြို့နယ် များမှ ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်        လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား    ဝန်ကြီးဌာန တာဝန်ရှိသူများ၊         တပ်နယ် တာဝန်ခံများက   ရွေးကောက်ပွဲ အကြိုကာလ  လုပ်ငန်းဆောင်ရွက် နေမှုများကို  ရှင်းလင်းတင်ပြကြ ရာ   ပြည်ထောင်စုရွေး  ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်း          လိုအပ်ချက်များကို    ပေါင်းစပ်      ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လျာထားမဲရုံများ အတည်ပြု


ထို့အတူ    အောက်တိုဘာ  ၁၄   ရက်တွင်              ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် များက  ကျိုင်းတုံခရိုင်၊   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်   လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူများ၊    ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ   အရာရှိများ၊   ရပ်ကွက်နှင့် ကျေးရွာအုပ်စု   တာဝန်ခံများနှင့် ၂၀၂၃   ခုနှစ်အတွက်   လျာထား သော    မဲရုံများနှင့်  ပတ်သက်၍ ညှိနှိုင်း   အစည်းအဝေးကျင်းပခဲ့ ပြီး     ကျိုင်းတုံမြို့နယ်အတွင်း လျာထားမဲရုံများ     အတည်ပြု ခြင်း၊    ပြင်ဆင်ခြင်းများ    ညှိနှိုင်း ဆောင်ရွက်၍       မဲရုံတည်နေရာ များကို           ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်