
ကျိုက်ထို ဧပြီ ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ နှစ်ဦးအလှူအဖြစ် အထူးကု ဆရာဝန်ကြီးများက မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် (အခမဲ့) ကျန်းမာရေးစစ်ဆေးကုသခြင်းကို ဧပြီ ၂၀ ရက်က ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်၊ ကျိုက်ထိုမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုး၊ အထူးကုဆရာဝန်ကြီး ခုနစ်ဦး နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည် များ စစ်ဆေးကုသပေးပြီး ဆေးဝါးများ အခမဲ့လှူဒါန်းပေးသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများ နှင့်ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)