
ကျိုက်လတ် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု ကို ဖေဖော်ဝါရီ ၁၃ ရက်က အမှတ်(၁)ရပ်ကွက် အောက်ရွာလေးဈေးနှင့် အမှတ်(၂)ရပ်ကွက် ဖျာပုံ - ကျိုက်လတ်ကားလမ်း(၂) လမ်းထိပ်တို့ တွင် ပြုလုပ်သည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများအား မြန်မာနိုင်ငံတွင် အိုမီခရွန် ကူးစက်သူများ ရှိနေပြီဖြစ်ပြီး ကျိုက်လတ်မြို့နယ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ သူများ ရှိနေပြီဖြစ် ၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာ ပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင် တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြော ပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်းများကို စနစ် တကျစွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ် ပြည့် မပျက်မကွက်ခံယူကြရန် အသိပညာပေး ပြောကြား၍ နှာခေါင်းစည်း အခုရေ ၂၃၀၀ ကို အခမဲ့ဖြန့်ဝေပေးသည်။
မြို့နယ်
(ပြန်/ဆက်)