ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကိုကုစားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ မတည်၍ ဆောင်ရွက်လျက်ရှိ

 

ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ 
စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လို 

 

နေပြည်တော်   ဇူလိုင်   ၂၉


 ပြည်ထောင်စုအစိုးရအဖွဲ့   အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) ကို    ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။ 

 


နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကားပြောကြားရာတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး မိမိတို့တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်     ၅   ရပ်နှင့်   ဦးတည်ချက်  ၉  ရပ်  ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊    အဆိုပါ   ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များတွင်    နိုင်ငံရေးအရ   ရည်မှန်းချက်ပန်းတိုင် သည် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့်  ပြည်ထောင်စုကို တည် ဆောက်ရေးပင်ဖြစ်ကြောင်း။

 


ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့် များရှိကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံ တိုင်းတွင်    နိုင်ငံရေးအယူအဆ  ကွဲပြားစွာဖြင့် ဆောင်ရွက်နေသည့်   ပါတီများ၊  တစ်ပါတီတည်း ဖြစ်သော်လည်း သဘောထားကွဲလွဲမှုရှိသည့် အုပ်စု များရှိနေသည်ကို   သဘာဝကျကျ   တွေ့ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်၌ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ဖဆပလပါတီတစ်ခုတည်းကသာ နိုင်ငံကိုဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပါတီများသည် ပါတီငယ်များသာဖြစ်ကြောင်း၊   နောက်ပိုင်းတွင် ဖဆပလအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်၍ အုပ်စုများကွဲခဲ့သည်ကို   တွေ့ရကြောင်း၊  လူပုဂ္ဂိုလ် သို့မဟုတ် အုပ်စု၏   အာဏာတည်ဆောက်မှုများ၊ နိုင်ငံရေးမရင့်ကျက်မှုများကြောင့်   ပါတီအတွင်း နိုင်ငံရေးအရ    ထွက်ပေါက်ရှာကြရာမှ  အုပ်စုများ ကွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။

 


၁၉၆၂    ခုနှစ်  တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထူထောင်၍ တစ်ပါတီစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက တစ်ပါတီ စနစ်ဖြင့်   ပါတီအတွင်း  တူညီသည့်ဆိုရှယ်လစ် အယူအဆဖြင့်သွားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ချိန်တွင်လည်း ဆိုရှယ်လစ်အယူ အဆ များအပေါ်တူညီမှုမရှိခဲ့ကြောင်း၊ အခြားပါတီ များ ဖွဲ့စည်းခွင့်မရှိဘဲ ပါတီတစ်ခုတည်းသာရှိသော ကြောင့်   နိုင်ငံရေးထွက်ပေါက်များ  မရှိခဲ့ကြောင်း၊ ထို့ကြောင့်  ပါတီအတွင်း  အုပ်စုကွဲမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် တာဝန်ကိုယူခဲ့ရပြီး ပါတီနိုင်ငံရေးမဟုတ်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီများဖွဲ့စည်းခွင့် ပေး၍      ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို တင်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ ပထမ အစိုးရတက်လာခဲ့ကြောင်း၊   ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သဖြင့် နိုင်ငံရေးထွက်ပေါက်များ ရရှိခဲ့ကြောင်း၊ နိုင်ငံရေးထွက်ပေါက်များမှတစ်ဆင့်       ဖြစ်ပေါ် ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ရာ     အားသာချက်များ ရှိသကဲ့သို့   အားနည်းချက်များလည်း  ရှိခဲ့ကြောင်း၊ တည်ဆဲဥပဒေကို  မချိုးဖောက်သရွေ့   ကန့်သတ် ချုပ်ချယ်မှုများမရှိခဲ့ဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင် ခဲ့ကြောင်း။

 


၂၀၂၀   ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်ကြောင့်   နိုင်ငံရေးအရ  မတည် ငြိမ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ   တပ်မတော်က  တာဝန်ယူဆောင်ရွက်ခဲ့ရ ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေး နှင့်ပတ်သက်၍ ထွက်ပေါက်များ ပေးထားကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ  ဖြစ်ပေါ်အောင်ဆောင်ရွက်မှု များမှလွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီအချင်းချင်းတွေ့ဆုံပွဲများကို   ခွင့်ပြုပေးထား ကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက် များ ခွင့်ပြုပေးထားကြောင်း။

 


ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏ သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟု  ဆိုနိုင်ကြောင်း၊  အဆိုပါ   ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏ တည်ငြိမ်မှု ပျက်ပြားသွားမည်ဖြစ်ကြောင်း၊   ထို့ကြောင့်  ယခု ဖြစ်နေသည့် နိုင်ငံရေးအခြေအနေများသည် ရှိနေ သည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း။

 


နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လစာ အပြင် ခံစားခွင့်များ တိုးမြှင့်ပေးထားပြီး ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည် ဖြစ်ကြောင်း၊   နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံရေးဆောင် ရွက်ရန် မဟုတ်ကြောင်း၊  နိုင်ငံရေးဆောင်ရွက်လိုပါက နိုင်ငံရေးလမ်းကြောင်းပေါ်မှ     ဆောင်ရွက်ရန် လိုကြောင်း၊   နိုင်ငံရေးနှင့်  ပတ်သက်၍  နိုင်ငံသား တစ်ဦးအနေဖြင့်   လွတ်လပ်စွာ  ဆောင်ရွက်ခွင့်ရှိ ကြောင်း၊ သို့သော် တည်ဆဲဥပဒေဖြင့် တားမြစ်ထား သည့်  သတ်မှတ်ပြဋ္ဌာန်းချက်များကို   ချိုးဖောက်၍ မရကြောင်း။

 


နိုင်ငံတကာဆက်ဆံရေး


နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာအသိုင်း အဝိုင်း၌   မိမိတို့ကိုဘေးဖယ်ရန်  ကြိုးပမ်းခဲ့မှုများ ရှိကြောင်း၊ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ လျှောက်လှမ်းချိန်တွင် အချို့နိုင်ငံကြီးများက ၎င်းတို့အလိုကျ ဆောင်ရွက်နိုင်မည့်သူများကို မြန်မာ့ နိုင်ငံရေး၏ အရေးပါသည့် နေရာများတွင် ပါဝင်နိုင် ရေး    အချိန်ယူစိမ့်ဝင်၍   ရည်ရွယ်ချက်ရှိရှိ ကြံစည် လုပ်ဆောင်ခဲ့သည်ကို     တွေ့ရှိရကြောင်း၊    ၎င်းတို့ လိုလားသည့်သူများ နိုင်ငံရေးစင်မြင့်ပေါ်တွင် တည်မြဲ စေရေး  ငွေအား၊   လူအားနှင့်   အကြံပေးများဖြင့် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကူအညီများပေးရာတွင်လည်း အရောင်အသွေးများဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ကို  ယခုအချိန်တွင် သိရှိရကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ်တွင် ၎င်းတို့လိုလားသည့် သူများ      မရှိတော့သည့်အချိန်တွင်   ကူညီမှုများ အကြောင်းအမျိုးမျိုးပြ၍   ရပ်တန့်သွားခဲ့ကြောင်း၊ အခြေခံဥပဒေသည် ပြည်သူများ အသိအမှတ်ပြုထား သည့် ဥပဒေဖြစ်ပြီး  မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို   မျက်ကွယ်ပြု၍  မိမိတို့ အပေါ်တွင် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရကြောင်း၊ အလားတူ နိုင်ငံတကာဆက်ဆံရေးများတွင်လည်း မိမိတို့နိုင်ငံ၏ ပကတိအရှိတရားကို မျက်ကွယ်ပြု၍ ဆောင်ရွက်လျက်ရှိကြောင်း။

 


ငြိမ်းချမ်းရေးရရှိရန်လိုအပ်မှု


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း အစိုးရအနေ ဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် ဒေသများရှိ တိုင်းရင်းသားများ၏     နေထိုင်စားသောက်ရေး အတွက်   ဆောင်ရွက်ပေးမည်ဆိုပါက  တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ   ဖြစ်လိုသည် များကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးချိန် တွင်  မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်နှင့် နိုင်ငံ ရေး ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့်         လျှောက်လှမ်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ် ရေးစနစ်  ပေါင်းထားသည့်   ပြည်ထောင်စုတည် ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို လက်ခံပြီးဖြစ်သဖြင့်       ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း၊ အမျိုးသား ရေး ရည်မှန်းချက်အနေဖြင့် တိုင်းပြည်သာယာဝပြော ရေးနှင့်   စားရေရိက္ခာပေါများရေးပင် ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း၊ မိမိတို့၏နိုင်ငံရေး ဦးတည်ချက် တွင် နိုင်ငံရေးထွက်ပေါက်များ ပေးထားပြီး အဆိုပါ နိုင်ငံရေးထွက်ပေါက်များကိုအသုံးချ၍ ငြိမ်းချမ်းရေး ရရှိအောင်    ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို         လေ့လာကြည့်ပါက ရွေးကောက်ပွဲများကို      မြို့နယ်များအားလုံးတွင် အပြည့်အဝမပြုလုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရလဒ် များကို   တိုးတက်အောင်  ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေသည့် အခြေခံအချက်များ အခြေခိုင်မာစေရေး အစိုးရအဖွဲ့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


မိမိတို့   တာဝန်ယူပြီးနောက်ပိုင်း  ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီ  ၁  ရက်  ထပ်တိုး ၆  လမှစ၍  နိုင်ငံ၏ တရားဥပဒေစိုးမိုးမှု၊   တည်ငြိမ်အေးချမ်းမှုများကို ပြန်လည်သုံးသပ်ရန်လိုကြောင်း၊  တရားဥပဒေစိုးမိုး ရေးတွင် အချို့သောဒေသများမှလွဲ၍ ကျန်ဒေသများ တွင် ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက် ပြောင်းလဲ သွားကြောင်း၊  တည်ငြိမ်အေးချမ်းမှုများလည်း ရရှိ လာပြီဖြစ်ကြောင်း၊     အချင်းချင်းယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများ    တည်ဆောက်နိုင်မှသာ ခိုင်မာသည့်   အခြေခံကောင်းများကို   ရရှိမည်ဖြစ် ကြောင်း။

 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု


မိမိတို့အနေဖြင့် ကြေညာထားသည့် ဦးတည်ချက် များအတိုင်း   အောင်မြင်အောင်   ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါဦးတည်ချက်များကို အစိုးရအဖွဲ့ က  အကောင်အထည်ဖော်   ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းခဲ့ခြင်းကို    စာရင်းဇယားအချက် အလက်များကို    ကြည့်ခြင်းဖြင့်  သိရှိနိုင်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းထုတ်ကုန်များ အားပေးမှုမရှိခဲ့ကြောင်း၊ သွင်းကုန်သာ ဦးစားပေးခဲ့ ကြောင်း၊ နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာစေရေး မိမိတို့အစိုးရအနေဖြင့်    ကြိုးပမ်းဆောင်ရွက်နေ ကြောင်း။
တိုင်းပြည်၏အားသည်        ပြည်တွင်းမှာသာ ရှိကြောင်း၊   ထို့ကြောင့်   ပြည်တွင်းစီးပွားရေးကို အဓိကအားပေးရန်လိုကြောင်း၊   ပြီးခဲ့သည့်  အစိုးရ လက်ထက်များဖြစ်သည့်  လမ်းစဉ်ပါတီခေတ်တွင် ပြည်တွင်းစီးပွားရေးအားပေးခဲ့ကြောင်း၊ တပ်မတော် အစိုးရလက်ထက်တွင်   ငွေကြေးအခက်အခဲများ ကြောင့် Import first ဖြင့် ဆောင်ရွက်ခဲ့ပြီး ဈေးကွက် စီးပွားရေးစနစ်ကို   တည်ဆောက်ခဲ့ကြောင်း၊  ယခု အချိန်တွင် မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးကောင်းမွန် ရန်နှင့်  ကုန်ထုတ်လုပ်မှုများ  အားကောင်းအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ကုစားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ မတည်၍ ဆောင် ရွက်လျက်ရှိကြောင်း၊   ထိုသို့  ဆောင်ရွက်ရာတွင် Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို    မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်အောင်ဆောင်ရွက်၍ ကုန်ထုတ် လုပ်မှုနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်း များကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစား ပေးဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို   အခြေခံသည့်  ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အဆိုပါကုန်ထုတ် လုပ်ငန်းသည် အများနှင့် သက်ဆိုင်သည့် လုပ်ငန်း ဖြစ်သဖြင့် ပြည်သူအများစုအတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊   အဆိုပါလုပ်ငန်းများ အောင်မြင်လာမည် ဆိုပါက ကုန်ထုတ်လုပ်မှုအပေါ် အခြေခံသည့် စီးပွား ရေးကို    ခိုင်မာအောင်   ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်  အသေးစားနှင့်  အလတ်စား စက်မှုလုပ်ငန်းများကို     အားပေးဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

 


ပို့ကုန်သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍


ပို့ကုန်သွင်းကုန်နှင့် ပတ်သက်၍ ပြန်လည်စိစစ် ကြည့်ရာ နယ်စပ်စခန်းများမှ တင်ပို့မှုတွင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် ၈ ဘီလီယံကျော်ခန့်ရှိပြီး အစိုးရမှ တင်ပို့မှုက  ပုဂ္ဂလိကတင်ပို့မှုထက် များနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် SME လုပ်ငန်းများကို အားပေးရန်အတွက် လိုအပ်နေသေးသည်ကို တွေ့ရှိ ရကြောင်း၊ ပို့ကုန်တစ်ခုတည်းဖြင့် ရပ်တည်၍မရဘဲ Non   Trade  များဖြင့်လည်း  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် နိုင်ငံခြားငွေ သုံးစွဲမှုများရှိသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့် လည်း   နိုင်ငံခြားငွေသုံးစွဲမှုများလည်း  ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိရေးအတွက် ကုန်သွယ်မှု တစ်ခုတည်းတွင်  မှီခိုနေ၍မရကြောင်း၊  မိမိတို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေ များရရှိရေး    ဝန်ကြီးဌာနများအနေဖြင့်  ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

 


ပညာရေးတိုးတက်ရန်လိုအပ်မှု


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေး ကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် “ ပညာရေးနဲ့ ပတ်သက်ပြီး။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကစပြီးတော့ ကျွန်တော်တို့   ပညာရေးကျောင်းတွေ   အကုန်လုံး ဖွင့်လိုက်တယ်။ တက္ကသိုလ်တွေလည်း ပုံမှန်သင်တန်း တွေ  အကုန်လုံးဖွင့်ပါတယ်။   အဲ့ဒီတော့  အခြေခံ ကတော့    ဦးစားပေးပေါ့လေ။     အခြေခံပညာမှာ  ၉ ဒသမ ၅ သန်းလောက် ကျွန်တော်တို့က ကျောင်း သား တက်မယ်လို့ မှန်းပါတယ်။  ဒါကတော့  Round Figure ပေါ့၊ Figure တစ်ခုအနေနဲ့ ကျွန်တော်တို့က မှန်းလိုက်တာပေါ့။ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာရှိတဲ့ ကျောင်းသားအရေအတွက်နဲ့ လူဦးရေ တိုးတက်မှု နှုန်းနဲ့ ပြန်ပြီးတော့ ချိန်ကြည့်တဲ့အခါမှာ။ ၂၀၂၂-၂၀၂၃ မှာတော့   ၉ သန်းခွဲလောက်တော့  ရှိနိုင်တယ်လို့ ကျွန်တော်တို့ကတွက်ပါတယ်။ ဒီထက်နည်းနည်း ပိုရင်လည်း ပိုမှာပေါ့။ လျော့ရင်လည်း လျော့မှာပေါ့။ သို့သော်လည်း Round Figure ကတော့ ၉ ဒသမ    ၅   သန်းလောက်ရှိတယ်။  နောက်ဆုံးအချိန်မှာ ၇  ဒသမ ၂ သန်းကျော် ကျောင်းတက်ပါတယ်။  အားလုံး အေးအေးချမ်းချမ်းနဲ့   တက်နေကြတာပါ။  ဒီမှာ နှောင့်ယှက်တဲ့သူကတော့   တစ်နေရာစ၊ နှစ်နေရာစ တော့ရှိပါတယ်။   သို့သော်လည်းပဲ  ပုံမှန်အတိုင်း ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက် နေပါတယ်။ အဲ့ဒီတော့ နိုင်ငံတစ်ခုမှာလည်း ပညာ ရေးမြှင့်တင်မှုက အရေးပါတဲ့ အနေအထားရှိပါတယ်။ ပညာရေးမမြှင့်တင်ရင် တိုင်းပြည်ဘယ်လိုလုပ်မှကို တိုးတက်မှုမရှိနိုင်ဘူး။

 

ကျွန်တော်တို့ ဆန်းစစ်ချက် တွေအရ ပညာရေးဟာ နိမ့်ပါးပါတယ်။ တော်တော်ကို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်လောက်က၊ တစ်ဝက်ကျော်ကျော် လောက်က အခြေခံပညာအလယ်တန်းနဲ့ အောက်မှာ ပဲရှိတယ်။ အဲ့ဒီတော့ ဒီပညာရေးမြှင့်တင်မှု မလုပ်နိုင် ခဲ့လို့ရှိရင် ပညာရေးကို အခြေခံပြီး အတတ်ပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ၊ ဘယ်လိုမှ ခေတ်မီစရာအကြောင်းမရှိဘူး။ အစ္စရေးတို့ ဘာတို့၊ စိုက်ပျိုးရေးတို့၊    မွေးမြူရေးတို့၊  နည်းပညာတို့ ကောင်းတယ်ဆိုတာ   ပညာတတ်တွေ  ပေါတယ်။ စီးပွားရေးကောင်းတယ်။ ဝင်ငွေရှိတယ်။ ဝင်ငွေရှိတဲ့ အခါကျတော့ ပြည့်ပြည့်ဝဝ စားနိုင်တယ်။ ပြည့်ပြည့် ဝဝ စားနိုင်တော့ ကိုယ်ခံစွမ်းအားတွေ ကောင်းတာ ပေါ့။   ပြီးတော့   အဲ့ဒီအပေါ်မှာ    အခြေခံပြီးတော့။

 


ကျန်းမာရေးနဲ့      ပတ်သက်တာတို့၊   အားကစားနဲ့ ပတ်သက်တာတို့ စနစ်တကျနဲ့ လုပ်တဲ့အခါကျတော့ သူတို့ရဲ့ IQ ပေါ့ဗျာ။ ဉာဏ်ရည်တွေက ကျွန်တော်တို့ သာမန်ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုထက်တော့  သာတာကို သွားတွေ့ရတယ်။ ဒါ ရိုးရိုးသားသားပြောတာ၊ ဒီတိုင်း ဝန်ခံတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝ စားနိုင်ဖို့၊ အပြည့်အဝသုံးနိုင်ဖို့ ကိုယ်ခံစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဉာဏ်ရည်က ထက်လာလိမ့်မယ်။  ဉာဏ်ရည်ထက်လာလို့ရှိရင်   ပညာသင်ကြားရေး မှာလည်း    ပိုပြီးတော့  အထောက်အကူရမယ်။ အဲ့ဒီတော့ တစ်ဖက်က။ ဂျာအေး သူ့အမေရိုက်သလိုပဲ။ တစ်ဖက်ကအားနည်းချက်ရှိတော့၊ ကျောင်းမှာလည်း ပညာကောင်းကောင်း မသင်နိုင်တဲ့အချိန်မှာ၊ ပညာ ရေးကို စိတ်မဝင်စားဘူး။ စီးပွားရေး အားမကောင်းတဲ့ အတွက်ကြောင့် မိဘကို ကူညီဖို့လည်း မိဘကနေ ခိုင်းတဲ့အခါမှာ။ ခုနကပြောသလို စာမလိုက်နိုင်တဲ့ ဟာရယ်။ မိဘကနေ လုပ်ခိုင်းတဲ့အခါမှာ။ ပေါင်းစပ် တဲ့အခါကျတော့ ကလေးက ဒီအလယ်တန်းပညာ လောက်မှာတင် ဆုံးခန်းတိုင်သွားတဲ့သူတွေ များစွာ ဖြစ်လာစေတာကို သွားတွေ့ရပါတယ်။ အဲ့ဒါကြောင့် ဘက်ပေါင်းစုံကနေ လုပ်ရမှာဖြစ်ပါတယ်။ ပညာရေး ကောင်းချင်ရင်၊ ပညာရေးနဲ့ပတ်သက်ရင် ပညာရေး တစ်ခုတည်း ကျွန်တော်တို့အစိုးရ အားထည့်နေလို့ မရဘူး။ ပြည်သူပြည်သားအားလုံးရဲ့ လူမှုဘဝစီးပွား ကို တက်အောင်လုပ်ပေးမှရမယ်။ အဲ့ဒီလိုသာ မလုပ် နိုင်ဘူးဆိုရင် အတူတူပဲ။ တလည်လည်နဲ့ပဲ ဖြစ်နေ မှာဖြစ်တယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာန   တစ်ခုတည်းနဲ့မဆိုင်ဘူး။ အားလုံးက   ဆိုင်ပါတယ်။    အားလုံးနဲ့ဆိုင်တယ်”ဟု ပြောကြားသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး


ကိုဗစ် - ၁၉  နှင့်  ပတ်သက်၍  မိမိတို့နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ         ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသ တွင်းနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းများ မြင့်တက်လာ လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့နိုင်ငံတွင် ပြည်ပမှ    ပြန်လည်ဝင်ရောက်သူများမှ  ဖြစ်ပွားမှု ပိုများသဖြင့် ကိုဗစ် - ၁၉ ရောဂါ  စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကို လျှော့ချ ပေးထားသော်လည်း ရောဂါကူးစက်မှုနှုန်း ပြန်လည် မြင့်မားလာနိုင်ခြေရှိသဖြင် မပေါ့ဆရန်လိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးအနေဖြင့် သန်း ၈၀ ခန့် လက်ခံ ရရှိခဲ့ပြီး ၇၂ သန်းခန့် ထိုးနှံပြီးဖြစ်ကြောင်း၊ အသက် ၁၈  နှစ်အထက်  ထိုးနှံပြီးသူများပြားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်     လိုအပ်နေ သေးကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနသာမက ပြည်သူလူထုနှင့် အခြားအုပ်ချုပ် ရေးပိုင်းဆိုင်ရာ     တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်    လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးအနေဖြင့်လည်း ဝန်ကြီးဌာန များအလိုက်    ကာကွယ်ဆေးများ   ထိုးနှံနိုင်ရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများ မြင့်မားလာမည်ဆိုပါက ရောဂါကူးစက်မှုကို     လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း   ရောဂါကူးစက်မှု အခြေအနေများကို     လေ့လာ၍  သုတေသနပြု ဆောင်ရွက်ရန် လိုကြောင်း၊ ပညာရေးနှင့် ကျန်းမာ ရေးသည်      နိုင်ငံတိုးတက်ရေးအတွက်   များစွာ အထောက်အကူဖြစ်စေကြောင်း၊   မိမိအနေဖြင့် “ရှေ့သို့ချီ” Moving Forward ဆိုသည့်အတိုင်း နိုင်ငံတိုးတက်အောင်  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက်    ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ         လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်