ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့လည်း ထိုးနှံခွင့်ရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်

 

နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဟန့်တားနိုင်ရန်၊   ပြည်သူလူထုကို   ထိရောက်သည့်ကာကွယ်ကုသမှုများ ပေးနိုင်ရန်၊   အခြေခံဆေးဝါးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပြည်သူများ၏ အခြေခံကျန်းမာရေးဗဟုသုတအသိပညာရရှိရန်နှင့်  တစ်နိုင်ငံလုံး  ကိုဗစ်-၁၉     ကာကွယ်ဆေးထိုးနှံရမည့်သူများကို   အမြန်ဆုံးကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌  ယခုနှစ်ကုန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၏ ၅၀ ရာခိုင်နှုန်းအထက်ကို ကာကွယ်ဆေးထိုးနှံ နိုင်ရန် နိုင်ငံတော်အနေဖြင့် အလေးပေးဆောင်ရွက် လျက်ရှိပြီး ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိသည်။ ကာကွယ်ဆေး၏အကျိုးများကို   သိရှိ နိုင်စေရန် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရကာ ပျောက်ကင်းလာသူတို့၏    စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။ 
ဦးဇော်ဇော်နိုင် 
(ဉာဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်တော်က ကိုဗစ်ကာကွယ်  ဆေးနှစ်ကြိမ် ထိုးနှံပြီးတာကြာပါ ပြီ။ အခု ကိုဗစ်  တတိယလှိုင်းမှာ ကျွန်တော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်။ ကိုဗစ်-၁၉ စဖြစ်တဲ့ပုံစံက နှာစေး၊ ချောင်းဆိုးပြီး နှစ်ရက်မြောက် နေ့မှာ     အနံ့စပျောက်ပါတယ်။       အနံ့ပျောက်တာက ရှစ်ရက် ကြာပါတယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ အဖျားနည်းနည်းတက်ပါတယ်။ ရောဂါကူးစက်ခံရ တဲ့အချိန်မှာ    သောက်ရမယ့်ဆေးတွေကို    နေ့စဉ် ပုံမှန်သောက်တယ်။  အိပ်ရေးဝအောင် အိပ်တယ်။ လေကောင်း လေသန့်ရရှိတဲ့နေရာတွေမှာ   နေထိုင် တယ်။ နေ့စဉ် အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့       အစားအစာတွေကို စားတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းတွေကို လုပ်ပါတယ်။ ကူးစက်ခံရပြီဆိုရင် စိုးရိမ် စိတ်တွေကို လျှော့ပါ။ အဲဒီလိုစိုးရိမ်စိတ်ကို လျှော့ထား ခြင်းကလည်း ရောဂါကို တွန်းလှန်ရာမှာ အဓိကကျ ပါတယ်။ ရောဂါကူးစက်ခံရပြီဆိုပြီး စိတ်ဓာတ်ကျ နေလို့ လုံးဝမဖြစ်ပါဘူး။  ဒီလိုနည်းတွေနဲ့ ကျွန်တော် ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်လာခဲ့တာပါ။
ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရာမှာ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် တွေကို  လိုက်နာပြီး     သွားလာနေထိုင်တဲ့အပြင် ကာကွယ်ဆေးထိုးပြီး       ကာကွယ်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ရောဂါဖြစ်ပွား ပြီဆိုရင်လည်း    ကာကွယ်ဆေးထိုးထားတဲ့သူတွေက ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ ယှဉ်ရင်ရောဂါ ပြင်းထန်စွာ မခံစားရဘူး။ သာမန်လက္ခဏာလောက်ပဲ ခံစားရပါတယ်။ ဆေးရုံလည်း မတက်ရဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားခြင်းက မိမိရဲ့ အသက် ကို သေဆုံးခြင်းကနေ အမှန်တကယ်ကာကွယ်ပေး တာကြောင့် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ပြည်သူ တွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်ရရှိရင် ကာကွယ် ဆေးကို သွားရောက်ထိုးနှံပေးကြပါလို့ တိုက်တွန်း လိုပါတယ်။
အရှင်တေဇိန္ဓ (အနောက်ဆည်စု၊ 
ဂူနှစ်လုံးအောက်ကျောင်း၊ လယ်ဝေးမြို့နယ်)
ကိုဗစ်ကာကွယ်ဆေးကို      နှစ်ကြိမ်မြောက် လာထိုးနှံတာပါ။ ရွာကနေ ဆေးထိုးနှံပေးတဲ့နေရာ အထိ ဆိုင်ကယ်နဲ့ တစ်နာရီခွဲလောက် မောင်းရတယ်။ ကိုဗစ်-၁၉ ရောဂါက ကူးစက်နှုန်းမြန်တယ်၊ အသေ မြန်တယ်၊ ပြီးတော့ ရောဂါပိုးက ချောင်းဆိုး၊ နှာချေ ရင်  လေထုထဲပျံ့နှံ့နိုင်တယ်လို့    သိထားပါတယ်။ ဘုန်းဘုန်းတို့က လူသူထူထပ်တဲ့နေရာတွေကို ဆွမ်းခံ ကြွရတော့ ကာကွယ်ဆေးထိုးထားမှ သင့်တော်မယ် လို့ ယုံကြည်တယ်။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာဆို တော့ အခုအချိန်မှာ   တရားနာ၊   ဂါထာတော်တွေကို အားတဲ့အချိန်တိုင်းပွားများပြီး နေထိုင်သင့်တယ်။ တီဗွီ၊ ရေဒီယိုတွေ ကလာတဲ့ ပရိတ်တရားတော်တွေ ကိုလည်း  နာကြားသင့်တယ်၊  မေတ္တာပွားရမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဟန့်တားနိုင်မယ်လို့    ထင်ပါ တယ်။ တကယ်လို့   ကူးစက်ခဲ့ရင်တောင်    သာမန် လက္ခဏာလောက်ပဲ ဖြစ်တဲ့အတွက် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အချိန်မှာ လာရောက်ထိုးနှံကြဖို့ ပြော ချင်ပါတယ်။
ဒေါ်ယဉ်မွန်သက် (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့)
အခုလို  ကိုဗစ်ကာကွယ်ဆေးကို    အခမဲ့ထိုးနှံ ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင် ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးနေတယ်ဆိုတာက လည်း မိမိကျန်းမာရေးအတွက်ပဲဖြစ်တယ်။ ဆေး နှစ်ကြိမ်ထိုးနှံပြီးပြီဆိုတော့ သွားတာ၊ လာတာကအစ လုံခြုံတယ်လို့ခံစားရတယ်။    ဆေးထိုးထားတော့ ရောဂါကူးစက်မှုနည်းလာမယ်။  အသက်   ၁၈ နှစ် ပြည့်ပြီး ပြည်သူတွေတိုင်းကို    နိုင်ငံတော်အနေနဲ့ ဆေးထိုးနှံပေးနိုင်ရင်တော့    အကောင်းဆုံးပါပဲ။ ကာကွယ်ဆေးထိုးထားပြီးပြီ     ဆိုပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနက    ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုတော့ လိုက်နာသွားရ မှာပါ။ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူ တွေအနေနဲ့လည်း ထိုးနှံခွင့်ရရင်   လာရောက်ထိုးနှံ ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်ဌေးကြည် (အမှတ်-၄ ရပ်ကွက်၊ လယ်ဝေးမြို့)
အခုကာကွယ်ဆေးက ထိုးမှဖြစ်မယ်။  အခုက ဆေးထိုးပြီးပြီဆိုတဲ့အသိစိတ်နဲ့ စိတ်ထဲမှာ တော်တော် လေးပေါ့သွားသလို စိတ်လည်းချမ်းသာသွားတယ်။ ဆေးထိုးထားသူတွေက      ရောဂါဖြစ်ပွားမှုကနေ ၇၀ ရာခိုင်နှုန်းကနေ၊ ၈၀ ရာခိုင်နှုန်းအထိ ကာကွယ် ပေးနိုင်တယ်ဆိုပြီး သိထားတယ်။ ဆေးမထိုးထားခင် တုန်းကနဲ့ စိတ်ခံစားမှုကွာတယ်။ ပထမတော့ မယုံ ကြည်လို့တော့ မဟုတ်ဘူး၊ မထိုးဘူးဆိုပြီး နေလိုက် တာ။ အခုက ကိုဗစ်-၁၉   ရောဂါက  ကူးစက်မှု တော်တော်များလာတော့ လာထိုးတာပါ။ ကာကွယ် ဆေးထိုးတာက    စစ်ဆေးမှုတွေလုပ်ပြီးတော့မှ ထိုးပေးတာဆိုတော့ အန္တရာယ်ကင်းတယ်။ ဒါကြောင့်  ကာကွယ်ဆေးထိုးဖို့ကို     မကြောက်ကြပါနဲ့လို့  ပြောချင်ပါတယ်။ မထိုးရသေးသူတွေအနေနဲ့လည်း ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြပါလို့ တိုက်တွန်း လိုပါတယ်။
ဒေါ်တင်မေနွဲ့(ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့)
ကျွန်မက အသက် ၆၉ နှစ်ရှိပါပြီ။ ကိုဗစ်ကာကွယ် ဆေး ပထမအကြိမ်ထိုးနှံပြီးချိန်မှာ နာလည်းမနာ ပါဘူး။ ကျန်းမာရေးကလည်း ပုံမှန်ပဲကောင်းပါတယ်။ ဒုတိယအကြိမ် ရက်ချိန်းဖြစ်တဲ့ ဒီနေ့မှာ  ထပ်မံလာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ အိမ်ထဲကနေ ဘယ်မှ မထွက်ပါဘူး။ ကိုဗစ်ကူးစက်မှု မြင့်တက်နေတာ အခု အချိန်မှာ    ကူးစက်မှုပြန်ကျလာပြီဆိုတာကိုတော့ သတင်းတွေကြည့်လို့ သိရပါတယ်။   အခုအချိန်မှာ ကိုဗစ်ကူးစက်မှုက အကျဘက်ရောက်နေပြီဆိုပေ မယ့်လည်း ပေါ့ဆလို့တော့ မရသေးပါဘူး။ အခုလို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာ ကိုဗစ်ရောဂါ ကူးစက်ခဲ့ရင်တောင် ရောဂါပြင်းထန်မှုနည်းတယ် ဆိုတာ သိထားပါတယ်။ အဲဒီအတွက် ယုံကြည်ချက် လည်းရှိပါတယ်။ အခုလို     ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေးထိုးနှံနိုင်အောင် စီစဉ်ပေးတဲ့ တာဝန် ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ 
ဦးကြည်ဆွေ (အမှတ်-၅ ရပ်ကွက်၊ လယ်ဝေးမြို့)
အဘက အသက် ၇၃ နှစ်ရှိပါပြီ။ အခုက ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးပါပြီ။ စိတ်ထဲ မှာ အားကိုးအားထားရှိလာသလိုမျိုးပဲ  လုံခြုံမှုကို ခံစားရတယ်။   ပတ်ဝန်းကျင်မှာ ကိုဗစ်ဖြစ်ပွားနေ တာတွေ တွေ့ဖူးမြင်ဖူးတယ်။    ကာကွယ်ဆေးထိုး ထားသူနဲ့ မထိုးရသေးတဲ့သူကတော့ ကွာခြားမယ်။ ဆေးထိုးပြီးသူတွေကတော့      ကာကွယ်မှုရှိမယ်။ အဘတို့ကတော့ အသက်ကြီးပြီဆိုတော့  လူသူ ထူထပ်တဲ့နေရာတွေ မသွားဖြစ်ဘူး။ ကာကွယ်ဆေး ထိုးနှံပေးတဲ့သူတွေကို ကျေးဇူးတင်တယ်။
ဒေါ်ခင်ခင်နွယ် (အမှတ်-၄ ရပ်ကွက်၊ လယ်ဝေးမြို့)
အဘွားအသက်က ၇၂ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသားသူတွေနဲ့  မထိုးရသေးတဲ့ သူတွေက ရောဂါဖြစ်ပွားချိန်မှာ ကွာခြားမှုအများကြီး ရှိမယ်လို့ထင်တယ်။    ရောဂါကူးစက်ခံရရင်လည်း ကာကွယ်ဆေးထိုးပြီးသားသူတွေက ခံနိုင်ရည်အား ပိုကောင်းမယ်လို့ယုံကြည်ပြီး ကာကွယ်ဆေးထိုးနှံ ခဲ့တာ  အခုဆို  နှစ်ကြိမ်မြောက်ထိုးနှံပြီးပါပြီ။   အခု ကာကွယ်ဆေးထိုးပြီးပြီဆိုတော့      ကိုဗစ်ရောဂါ မကူးစက်နိုင်တော့ဘူးလို့ထင်တာပဲ။  အသက် ၆၅ နှစ် ကျော်တွေက  ကိုယ်ခံအားနည်းတယ်။ အဘွားတို့လို သက်ကြီးဘိုးဘွားတွေကို နိုင်ငံတော်က    ဦးစားပေး အစီအစဉ်အနေနဲ့        ကာကွယ်ဆေးထိုးခွင့်ပေးတဲ့ အတွက် ဝမ်းမြောက်ရပါတယ်။ ကာကွယ်ဆေးမထိုး ရသေးတဲ့ ပြည်သူတွေအားလုံးကိုလည်း နိုင်ငံတော် အစီအစဉ်နဲ့ ဆေးထိုးပေးစေချင်တယ်။ ဒါမှလည်း ရောဂါကူးစက်မှုကို ဟန့်တားနိုင်ပြီး    ရောဂါလည်း ပျောက်ကင်းသွားနိုင်မယ်။ 
တွေ့ဆုံမေးမြန်း
ဟန်မင်း၊ ဓာတ်ပုံ-ကိုအေး