ကိုဗစ် - ၁၉ ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကြေညာ

 

ဂျီနီဗာ   မေ    ၅
ကိုဗစ် - ၁၉ ရောဂါသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေ ဟုတ် မဟုတ်  ဆုံးဖြတ်ရန်အတွက်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ကျွမ်းကျင်သူများကို  ဖိတ်ခေါ်ကာ  စည်းဝေးခဲ့သည်။ ကမ္ဘာ့နေရာ အနှံ့အပြားမှ ကျွမ်းကျင်သူများနှင့် ကျန်းမာရေးဆိုင်ရာအရာရှိများသည် မေ ၄ ရက်က အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ 
ကိုဗစ်- ၁၉  သည်    ကမ္ဘာလုံးဆိုင်ရာ   စိုးရိမ်စရာကောင်းသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ဟုတ် မဟုတ် ဆုံးဖြတ်ရန် အတွက် တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မေ ၅ ရက်တွင် ကိုဗစ်-၁၉   မှာ  ကမ္ဘာလုံးဆိုင်ရာစိုးရိမ်စရာကောင်းသည့်   ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေမဟုတ်တော့ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။
ဂျီနီဗာမြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန်ဂီဘရီ ယက်ဆုက ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး သည် ကိုဗစ် -၁၉ ကို အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကြေညာခဲ့သည်။           အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ