ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင်ထားရှိမှုများကြည့်ရှု

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅
မန္တလေးတိုင်းဒေသကြီး မန္တလးမြို့ကန်တော်ကြီးပတ်လမ်းရှိ ဇိဝိတဒါန သံဃာ့ဆေးရုံကြီးနှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ များထားရှိရန် ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို   ယနေ့ တွင်   တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမောင်ကို၊   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်    တိုင်းမှူး    ဗိုလ်ချုပ်ကိုကိုဦးနှင့်   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့အပြင် အဆိုပါနေရာများ၌   သန့်ရှင်းရေးနှင့်  ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်  အဖွဲ့များကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်