
ရန်ကုန် ဇူလိုင် ၁၈
ကိုဗစ် - ၁၉ရောဂါပိုးရှိ သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့်စင်တာများနှင့် အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင် များကို ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးပေးဝေနေမှုများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရူစစ်ဆေးသည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမရှိ ကုသရေး အဖွဲ့များနှင့် လုပ်အားပေးအဖွဲ့များအတွက်
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှထောက်ပံ့ပေးအပ်သည့် ရောဂါကာကွယ်ရေးဝတ်စုံ PPE အစုံ ၁၀၀၊ နှာခေါင်းစည်း ၁၀၀၀၀နှင့် အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကား ပြောကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စီမံဆောင်ရွက်မှုဖြင့် ကိုဗစ် - ၁၉ ရောဂါပိုးရှိ သံဃာတော်အပါး ၂၀၀ ခန့် ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေပြည်သာမြို့နယ် စက်မှုဇုန် (၁)ရှိ ယူနီတီအောက်ဆီဂျင်စက်ရုံတွင် ရွှေဗျိုင်းဖြူ ကုမ္ပဏီမှ လှူဒါန်းပေးသော Liquid Oxygen များ
ကို အောက်ဆီဂျင်ဓာတ်ငွေ့အိုးများအတွင်း ဖြည့်သွင်း ၍ ပြည်သူလူထုထံ ပေးအပ်လှူဒါန်းနေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က အောက်ဆီဂျင် လိုအပ်နေသော ပြည်သူများ၏ လက်ဝယ်သို့ လုံလောက်စွာဖြန့်ဖြူးပေးရန်နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှု ရေး အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။
ထို့နောက် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ရှိ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံများတွင် တာဝန် ထမ်းဆောင်မည့် ကုသရေးအဖွဲ့များနှင့် လုပ်အားပေး အဖွဲ့များအတွက် ရောဂါကာကွယ်ရေးဝတ်စုံ PPE အစုံ ၁၀၀၊ နှာခေါင်းစည်း ၁၀၀၀၀ နှင့် အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကားပြောကြား ၍ ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့သံဃာတော်များနှင့်သီလရှင်များထားရှိရန် အခန်းနေရာပြင်ဆင် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ပစ္စည်းထားရှိမှုများကိုလည်း ကောင်း၊ အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အောက်ဆီ ဂျင် လိုအပ်မည့်လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိမှုများကို ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ကြည့်ရူစစ်ဆေး၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများ၏လက်ဝယ်သို့ အမြန်ဖြန့်ဖြူးပေးရေး ကိစ္စရပ်များနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက် လူနာများ တွင် အောက်ဆီဂျင်လိုအပ်မှုမြင့်မားနေသဖြင့် လိုအပ် ချက်များကို အလုံအလောက်ဖြည့်တင်းပေးရန် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စေတနာရှင်အလှူရှင်များက စုပေါင်း လှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်ဓာတ်ငွေ့ ရည်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းကာ ဆေးရုံများနှင့် အောက်ဆီဂျင် လိုအပ်သည့် ပြည်သူများထံသို့ ပို့ဆောင်ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)