ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ယခင်ကထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်း

နေပြည်တော်   ဩဂုတ်  ၆ 
လက်ရှိတွင်  တိုင်းဒေသကြီးနှင့်   ပြည်နယ်အများစု၌  ကိုဗစ်-၁၉ ရောဂါ    ဖြစ်ပွားမှုသည်   ယခင်က ထက်စာလျှင်   ၄၅    ရာခိုင်နှုန်းခန့်အထိ  ကျဆင်းလာသည်ကိုတွေ့ရှိနေရပါကြောင်း၊      အချို့ တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်မူ  ရောဂါ ဖြစ်ပွားမှုတန့်နေခြင်းကို   တွေ့ရှိနေရပါကြောင်း၊ ရောဂါဖြစ်ပွားမှုများ     ဆက်လက်ကျဆင်းလာရေး အတွက်လည်း   ပိုမိုအားစိုက်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။ 


ပြောကြားခဲ့


ကျန်းမာရေးဝန်ကြီးဌာန  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးနှင့်  ကာကွယ်ဆေး များ ဆက်လက်ထိုးနှံရေးအစည်းအဝေးကို ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌     ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက  အထက်ပါအတိုင်း  ပြောကြားခဲ့ခြင်း ဖြစ်သည်။ 


ပြည်ထောင်စုဝန်ကြီးက     ကိုဗစ်-၁၉    လူနာ သေဆုံးမှုများသည်    ပိုးတွေ့လူနာများအနေဖြင့် မိမိနေအိမ်၌  ကုသသူများတွင်   မြင့်မားနေသည်ကိုတွေ့ရှိရပါကြောင်း၊        အိမ်တွင်ကုသခြင်းသည် ရောဂါကြောင့် သေဆုံးမှုနှုန်းများစေသလို  အိမ်တွင်း ရောဂါကူးစက်မှုနှုန်းကိုလည်း မြင့်မားစေပါကြောင်း။


အသက်အန္တရာယ်ရှိသည်အထိဖြစ်စေ


အထူးသဖြင့်    အတူနေသက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအား ကူးစက်ရာမှတစ်ဆင့်   ၎င်း တို့တွင်     အသက်အန္တရာယ်ရှိသည်အထိဖြစ်စေပါ ကြောင်း၊ အဆိုပါပုဂ္ဂိုလ်များအနေဖြင့်  ယခုအချိန် ကဲ့သို့ ကူးစက်မြန်ပြင်းထန်မျိုးဗီဇပြောင်းရောဂါပိုးကြောင့်  ရောဂါဖြစ်ပွားမှုများပြားချိန်    မိမိအိမ်၌ နေထိုင်သည့်အချိန်တွင်   ပါးစပ်နှင့်  နှာခေါင်းစည်းကို အချိန်ပြည့်တပ်ထားရန် လိုအပ်ပါကြောင်း။   


စီစဉ်ဆောင်ရွက်ရန်လို


ပိုးတွေ့သူအားလုံးအား  ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ    အတည်ပြုလူနာကုသရေး စင်တာများသို့  ရောဂါပြင်းထန်မှုအလိုက်  အချိန်နှင့် တစ်ပြေးညီ  ပို့ဆောင်ကုသနိုင်ရေး  စီစဉ်ဆောင်ရွက် ရန်လိုအပ်ပါကြောင်း ပြောကြားသည်။ 


ထို့ပြင်      ပြည်သူများအနေဖြင့်ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် မူလကပင်ဈေးနှုန်းမြင့်မားသည့် Branded ဆေးဝါးများကို    အလွန်မြင့်မားသည့်ဈေးနှုန်းများပေးကာ ဝယ်ယူသုံးစွဲခြင်းမပြုဘဲ အရည် အသွေးတူ၍ဈေးနှုန်းချိုသာကာ     အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်  အလားတူ  ဆေးဝါးများသုံးစွဲ လာတတ်စေရေး ပညာပေးလုပ်ငန်းများဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။


 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ  ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းမှာ အားရစရာအခြေအနေဖြစ်၍  တစ်နိုင်ငံလုံး   နေ့စဉ် ပျမ်းမျှထိုးနှံနိုင်မှု  ၁၅၀၀၀၀ ခန့်   ရရှိထိုးနှံနိုင် နေသည်ကိုသိရှိရပါကြောင်း၊   ကာကွယ်ဆေးထိုးနှံ ရာတွင်   လုပ်ငန်းလမ်းညွှန်များအတိုင်း   တိကျစွာထိုးနှံနိုင်ရေးအရေးကြီးပါကြောင်း၊  စာရင်းဇယားများ လည်း  သေချာစွာ  မှတ်တမ်းထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးအပ်များလည်း လုံလောက်စွာဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး ရည်မှန်းလူဦးရေ၏  ၅၀ ရာခိုင်နှုန်းထိုးနှံသွားနိုင်ရေး ဆက်လက်ကြိုးပမ်း သွားရန်ဖြစ်ပါကြောင်း    ပြည်ထောင်စုဝန်ကြီးက  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 


သတင်းစဉ်