ကိုဗစ်-၁၉ ရောဂါလက္ခဏာ ခံစားနေရပြီဆိုရင် စိုးရိမ်ပူပန်တတ်တဲ့ စိတ်တွေမဖြစ်ဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေမဖြစ်ဖို့ အများကြီးအရေးကြီးပါတယ်

ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပွင့်ဖြူမြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်နှင့်  ဇူလိုင် ၂၆ ရက်က တွေ့ဆုံမေးမြန်းထားပါသည်။

 

မေး။    ။ ကိုဗစ်-၁၉ ရောဂါ  လူနာတွေအနေနဲ့ 
      ဘယ်လိုနေထိုင်  စားသောက်သင့်ပါ သလဲရှင့်။

 


ဖြေ။    ။ ဒါက အရေးကြီးပါတယ်။   ကိုဗစ်-၁၉ 
     ရောဂါလက္ခဏာ  ခံစားနေရပြီဆိုရင် နံပါတ်(၁)   စိုးရိမ်ပူပန်တတ်တဲ့   စိတ်တွေမဖြစ်ဖို့ လိုပါတယ်။   တစ်နည်းအားဖြင့်    စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေမဖြစ်ဖို့   အများကြီးအရေးကြီးပါတယ်။ နံပါတ်(၂) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကျန်းမာရေး နဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားဖို့လိုပါမယ်။ နံပါတ်(၃) အားရှိဖို့အတွက် အိမ်ရေးဝဝအိပ်ဖို့ လိုပါ မယ်။ ဒါ့အပြင် သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှား မှုတွေ    လုပ်ပေးမယ်ဆိုရင်      ကျန်းမာဖို့အတွက် လိုက်လျောညီထွေရှိလာပြီးတော့ အချိန်တိုအတွင်း မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါ တယ်။ 

 


မေး။    ။ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ 
      တွေက ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်လာပြီဆိုရင် ဘယ်လိုဆက်သွယ်ပြီး အကူ အညီရယူဆောင်ရွက်သင့်ပါသလဲ။

 


ဖြေ။    ။ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာနဲ့ 
      ပတ်သက်လို့     တွေ့ကြုံလာပြီဆိုရင် သက်ဆိုင်ရာ       ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနဲ့ သက်ဆိုင်ရာ    ကျန်းမာရေးဌာနတွေကို   အရင်ဆုံး ချိတ်ဆက်ပြီးတော့ သတင်းပေးပို့ဖို့ လိုအပ်ပါမယ်။ သက်ဆိုင်ရာ     ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေးဌာနတွေက ဆက်လက်သတင်းပေးပို့ လာမှုအပေါ်မှာ ကျွန်တော်တို့ မြို့နယ်ကျန်းမာရေး ဌာနနဲ့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်     အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေ ပေါင်းစပ်ပြီးတော့ စစ်ဆေးဆောင်ရွက်ပေးနေပါ တယ်။ 

 


မေး။    ။ စိုးရိမ်ရတဲ့ အခြေအနေ ရှိ၊ မရှိ  ဘယ်လို 
      သတ်မှတ်ပါသလဲရှင့်။
ဖြေ။    ။ ဒီရောဂါဟာ လက္ခဏာမျိုးစုံရှိပါတယ်။ 
      အဓိကတော့     လူနာဟာဖျားလည်း ဖျားမယ်။ အသက်ရှူရတာလည်း ခက်မယ်။ သွေးထဲ အောက်ဆီဂျင်ဓာတ်တွေ      စစ်ဆေးလိုက်လို့ အောက်ဆီဂျင်ဓာတ်တွေ ကျလာမယ်ဆိုရင်တော့ အရေးကြီးလူနာအနေနဲ့    လိုအပ်တဲ့   ကုသမှုတွေ  ဆောင်ရွက်ပေးဖို့လိုပါမယ်။ 
မေး။    ။ အတည်ပြုလူနာတွေအတွက် အောက်ဆီ 
     ဂျင်လုံလောက်အောင်   ဘယ်လိုစီစဉ် ဆောင်ရွက်ထားပါသလဲ။ 

 


ဖြေ။    ။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု 
        လူနာတွေအတွက်  အောက်ဆီဂျင်အခက် အခဲမဖြစ်အောင်     လက်ရှိဆေးရုံမှာလည်း  လီတာ   ၄၀ ဆံ့   အောက်ဆီဂျင်အိုး   ငါးလုံး၊ ၁၅ လီတာဆံ့ အောက်ဆီဂျင်အိုးသေး    ငါးလုံး၊     နောက်ထပ် အောက်ဆီဂျင်စက်အနေနဲ့     နှစ်လုံးရှိပါတယ်။  ဒါ့အပြင်    လူနာတွေအတွက်     လိုအပ်လာပါက   အသုံးပြုနိုင်အောင်   မြို့နယ်က    ပရဟိတအသင်း တွေမှာရှိတဲ့ အောက်ဆီဂျင်အိုးတွေ သုံးစွဲနိုင်အောင် ချိတ်ဆက်စီစဉ်     ဆောင်ရွက်ထားရှိပြီး    ဖြစ်ပါ တယ်။ 

 


မေး။    ။ ပွင့်ဖြူမြို့နယ်      ပြည်သူ့ဆေးရုံမှာ 
       ကိုဗစ်-၁၉ ရောဂါ   ပိုးတွေ့လူနာတွေကို ဆေးကုသပေးနေတဲ့ အခြေအနေကိုလည်း  သိပါရ စေရှင့်။ 
ဖြေ။    ။ မြို့နယ်အဆင့်  ဆေးရုံဖြစ်တဲ့အတွက် 
      အရေးကြီးလူနာတွေအတွက် ကုသပေး နိုင်ဖို့ ခုတင်ရှစ်လုံး ကြိုတင်စီစဉ်ဆောင်ရွက်ထား ပါတယ်။ လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင် အသုံးပြုနိုင်အောင်လည်း အောက်ဆီဂျင်ပိုက်လိုင်းနဲ့ အောက်ဆီဂျင်စက်တွေကို   ချက်ချင်းဆောင်ရွက် နိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
မေး။    ။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေတဲ့သူတွေ 
      ကို  ထိုးနှံဖို့အတွက် ဘယ်လိုစီစဉ်ထားရှိ ပါသလဲ။ ဘယ်အချိန်မှာ ထိုးနှံပေးသွားဖို့ရှိပါသလဲ။ 

 


ဖြေ။    ။ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို 
      တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလတွေမှာ   ထိုးနှံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါ တယ်။ အခုဆက်လက်ပြီးတော့လည်း  ရရှိလာမယ့် ကာကွယ်ဆေးအပေါ်မှာမူတည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူအတိုင်း ဦးစားပေးအုပ်စုတွေနဲ့ ခွဲပြီးတော့ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ 

 


မေး။    ။ ကိုဗစ်-၁၉ ရောဂါလူနာတွေကျန်းမာရေး 
     ကောင်းမွန်လို့  ဆေးရုံကဆင်းလာပြီ ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရပါမလဲ။  

 


ဖြေ။    ။ ကိုဗစ်-၁၉  ရောဂါ   ပိုးတွေ့လူနာတွေကို 
      ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ် ရက်ပြည့်သွားလို့ ဆေးရုံက ဆင်းခွင့်ပေးတဲ့အခါမှာ အိမ်ပြန်ရောက်တဲ့အခါ       မိမိတို့ရဲ့နေအိမ်မှာ အနည်းဆုံးတစ်ပတ်လောက်  သီးသန့်နေထိုင်ပြီး တော့   အာဟာရပြည့်ဝမယ့်   အစားအစာတွေကို စားသောက်ဖို့ လိုပါမယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်သွားဖို့ လိုပါမယ်။ အဲဒီအတွက်လည်း ကိုဗစ်ပိုးတွေ့လူနာ တွေ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ပြု လိုက်တဲ့အချိန်မှာ ဘယ်လိုတွေ နေထိုင်ရမလဲဆိုတဲ့ ကျန်းမာရေးဌာနက ညွှန်ကြားတဲ့စည်းကမ်းချက် တွေ၊    ပညာပေးစာစောင်တွေကို    တစ်ပါတည်း ထည့်ပေးလိုက်တာဖြစ်ပါတယ်။ စနစ်တကျ နေထိုင် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ 

 


မေး။    ။ နို့တိုက်မိခင်တွေအတွက် ကိုဗစ်-၁၉ 
      ရောဂါအန္တရာယ်   ကင်းဝေးအောင် ကာကွယ်ဆေးထိုးလို့ ရ၊ မရ သိပါရစေရှင့်။ 
ဖြေ။    ။ နို့တိုက်မိခင်တွေအတွက် ကိုဗစ်-၁၉ 
       ရောဂါအန္တရာယ်ကင်းဝေးဖို့ ကာကွယ် ဆေးထိုးလို့  ရ၊  မရနဲ့  ပတ်သက်ပြီးတော့  တချို့ ကိုဗစ်ကာကွယ်ဆေးတွေက ထိုးလို့ရတာတွေရှိပြီး  တချို့ကာကွယ်ဆေးက   ထိုးလို့မရတာတွေ  ရှိပါ တယ်။  ဒါ့ကြောင့်  ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ နို့တိုက်မိခင်တွေကိုတော့ ကာကွယ်ဆေးထိုးလို့ရတဲ့ ဆေးတွေ ရရှိလာတဲ့အပေါ်မှာ မူတည်ပြီး ထိုးနှံနိုင် အောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 


မေး။    ။ ဖြည့်စွက်ပြောကြား        လိုတာရှိရင် 
      ပြောကြားပေးပါဦးရှင့်။ 
ဖြေ။    ။ ကျွန်တော်တို့        ပွင့်ဖြူမြို့နယ်ဟာ 
       ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က Stay at Home မြို့နယ်အဖြစ် သတ်မှတ်လိုက် ပြီဖြစ်တာကြောင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အပိုင်းဟာ အရေးကြီးတဲ့အပိုင်းကို ရောက်လာပါပြီ။ အဲဒါကြောင့် ပြည်သူတစ်ဦးချင်းစီက အသိ၊ သတိ လေးထားပြီးတော့ မလိုအပ်ဘဲ အပြင်မထွက်ကြပါ နဲ့။  တကယ်လို့မဖြစ်မနေ အပြင်သွားလာရပါက  ပါးစပ်နှာခေါင်းစည်း၊ မျက်နှာအကာတွေ မဖြစ်မနေ တပ်ဆင်သွားလာကြပါ။  တစ်ဦးချင်းစီက   ကြိုတင် ကာကွယ်ထိန်းချုပ်သွားမှသာ       ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာနဲ့ ထိန်းချုပ်သွားနိုင်မှာဖြစ်ပါကြောင်း  ပြောကြားလိုပါတယ်။