
ဒေါက်တာထွန်းထွန်းကျော်
===========
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော်အား မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ရှိလာပြီဆိုရင် ဘယ်လို
ဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားရရင်(သို့မဟုတ်)ကိုဗစ်-
၁၉ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့မိရင်၊ မိမိကိုယ်ကို သံသယ ရှိရင် မိမိနေရာကနေ ဖုန်းနဲ့ အနီးစပ်ဆုံးရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး(သို့မဟုတ်)Call Center (သို့မဟုတ်) ကျန်းမားရေးဌာန(သို့မဟုတ်) ပရဟိတအသင်းတို့ကို ဆက်သွယ် သတင်းပို့ရပါမယ်။ တယ်လီဖုန်းနဲ့ ဆက်သွယ်မရလို့ လူကိုယ်တိုင် သွားရောက်ဆက်သွယ်မယ်ဆိုရင် မိမိတစ်ဦးတည်းသာ လာရောက် ဆက်သွယ်သတင်းပို့ဖို့လိုအပ်ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါပိုး ရှိ/မရှိ
ဘယ်နေရာတွေမှာ စစ်ဆေးပေးနေပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတာကို ဘုတ်ပြင်းမြို့နယ်
ဆေးရုံ၊ ပြည်ကြီးမဏ္ဍိုင်တိုက်နယ်ဆေးရုံ၊ ကရသူရိတိုက် နယ်ဆေးရုံ၊ တောင်ဒဂုံဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှစ်ခု၊ ဌာနခွဲနှစ်ခုတို့မှာ လက်ရှိစစ်ဆေးပေးနေပါတယ်။
မေး။ ။ ပိုးတွေ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိနိုင်မှုအခြေ
အနေနဲ့ လိုအပ်ချက်အပေါ် ဘယ်လိုစီစဉ်ဆောင်ရွက်ထား ပါသလဲ။
ဖြေ။ ။ ဘုတ်ပြင်းမြို့နယ်အတွင်းမှာရှိတဲ့ ဆေးရုံလေးရုံအတွက်
အောက်ဆီဂျင်အိုး အလုံအလောက်ရှိပါတယ်။ အောက်ဆီ ဂျင်ပြန်လည်ဖြည့်တင်းဖို့အတွက် တောင်ဒဂုံဆီအုန်းကုမ္ပဏီက တာဝန်ယူဖြည့်သွင်းပေးနေပါတယ်။ ဘုတ်ပြင်းမြို့ပေါ်မှာရှိတဲ့ ပရဟိတ အသင်းကလည်း လိုအပ်ရင်အသုံးပြုနိုင်ဖို့ အောက်ဆီဂျင်အိုးတွေ ဖြည့်သွင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီကလည်း အောက်ဆီဂျင်အိုး ရရှိရေးအတွက် သက်ဆိုင်ရာဌာနတွေကို အချိန်နဲ့တစ်ပြေးညီ တင်ပြ တောင်းခံထားပြီးဖြစ်ပါတယ်။
မေး။ ။ ပိုးတွေ့သူဦးရေ၊ ဆေးရုံတက်သူဦးရေ၊ ဆေးရုံဆင်းသူဦးရေ
နဲ့ သေဆုံးသူဦးရေ ဘယ်လောက်ရှိပါပြီလဲဆရာ။
ဖြေ။ ။ ဒီနေ့အထိ ပိုးတွေ့လူနာ ၁၈၄ ဦး၊ ဆေးရုံဆင်းသူ ၁၁၂ ဦး၊
ဆေးရုံတက်နေသူ ၇၂ ဦး၊ သေဆုံးသူတစ်ဦးရှိပါတယ်။ သေဆုံး သူတစ်ဦးက မြိတ်ဆေးရုံကို လွှဲပြောင်းကုသပေးခဲ့တဲ့သူဖြစ်ပါတယ်။
မေး။ ။ အခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ။ (၁) “စိတ်ဓာတ်မကျပါနဲ့”။ မိမိတစ်ယောက်တည်း မဟုတ်
ပါဘူး။ မိသားစုရှိတယ်။ မိတ်ဆွေရှိတယ်။ ကူညီနေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ မြို့နယ်မှာကော်မတီရှိတယ်။ ဆေးရုံရှိတယ်။ ကုသပေးမယ့် သူတွေရှိပါတယ်။ (၂) “ သတိထားပါ”။ အရာဝတ္ထု တွေ ကိုယ်တိုင်ထိတွေ့ပြီးတိုင်း ဆပ်ပြာနှင့်ဆေးဖို့ သတိထားပါ။ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့၊ မျက်နှာအကာတပ်ဖို့ သတိ ထားပါ။ လူစုလူဝေးတွေကို ရှောင်ဖို့ သတိထားပါ။ အရေးမကြီးဘဲ အပြင်မထွက်ဖို့ သတိထားပါလို့ပြောချင်ပါတယ်။ (၃) “ကူညီပါ’’။ အခက်အခဲတွေ့သူကို စိတ်အားဖြင့် အားပေးကူညီပါ။ ကိုယ်အားဖြင့် စောင့်ရှောက်ကူညီပါ။ ငွေအားဖြင့် ဖေးမကူညီပေးကြပါ။ ကိုဗစ်-၁၉ ရောဂါကို New Normal နေထိုင် မှုပုံစံသစ်နဲ့ ရင်ဆိုင်ကျော်လွှားနေချိန်မှာ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီပေးကြပါ။ (၄) “ ခွဲခြားဆက်ဆံခြင်းမလုပ်ပါနဲ့ ’’။ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူကို ကျန်းမာရေးဌာနက သီးခြားထားရှိပြီး ကူးစက်ရောဂါလမ်းညွှန်ချက် များနဲ့အညီ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လိုအပ်တဲ့ အချိန်မှာ အချိန်မီကုသဆောင်ရွက်ပေးနေပါတယ်။ ထိတွေ့သူတွေကို တော့ Quarantine ထားပြီး ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ပတ်ဝန်းကျင်ကူးစက်မှုမရှိအောင် ဆောင်ရွက်ပေးနေပါတယ်။
Quarantine ထားတဲ့အိမ်ကို ရှောင်သွားမဲ့အစား တတ်နိုင်သလောက် ကူညီပေးခြင်း၊ လိုအပ်တာတွေဝယ်ပေးခြင်းဖြင့် ကူညီပေးကြပါ။ ခွဲခြားမဆက်ဆံပါနှင့်။ အကူအညီပေးသူရှိမှသာ Home Quarantine နေထိုင်သူတွေ အပြင်မထွက်တော့ဘဲ ကိုယ့်ပတ်ဝန်းကျင်အတွက် လည်း ကူးစက်နိုင်မှုလျော့နည်းမယ့် နည်းလမ်းဖြစ်ပါတယ်။ (၅) “ကာကွယ်ဆေးထိုးပါ ’’။ ကာကွယ်ဆေးကြောင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
ဘုတ်ပြင်းမြို့နယ်(ပြန်/ဆက်)