
နေပြည်တော် ဩဂုတ် ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆေးနှင့် ပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ ဩဂုတ် ၂၉ ရက် က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီသုံးခုမှ Pantocid Iv Injection ၈၀၀၂၈ ခု၊ Latoprost Rt ၄၆၀၂ ခု၊ Pan-tocid 20 Tablets ၁၄၁၂၆ ခု၊ Virnux Injection ၆၀၀၀၊ Test Kit ၂၅၀၀၊ နယ်စပ်(ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ၊ လွယ်ဂျယ်) တွင် ကုမ္ပဏီ ၁၃ ခုမှ Oxygen Mask ၈၉၈၀၊ Oxygen Concentrator ၁၃၁၇ ခု၊ Mask ၁၂၈၃၂ ခု၊ Liquid Oxygen ၁၉ ဒသမ ၃၃ တန်၊ Liquid Oxygen ၁၄၈၅၄ m3၊ PPE ၂၀၀၊ PPE ၉၈၈၉ Kg၊ Oxygen Cylin-der ၁၉၀၊ Flow Meter ၁၂၀၀၊ Thermometer ၆၃၈ ခု၊ Nasal Cannual ၂၃၅၀၊ Oximeter ၄၆၈ ခု၊ Cadaver Bag ၁၄၅ Kg ၊ Medical Waste Bag ၃၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်