ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံရန် ဖြန့်ဖြူး

 

နေပြည်တော်  ဩဂုတ်  ၂၅


ကျန်းမာရေး    ဝန်ကြီးဌာန သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသ ကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍  ထိုးနှံပေး လျက်ရှိသည်။ 


ဇူလိုင် ၂၆  ရက်မှစတင်၍ တရုတ်ပြည်သူ့     သမ္မတနိုင်ငံမှ ဝယ်ယူ/ လှူဒါန်းရရှိသည့် Sino-pharm  နှင့် Sinovac ကာကွယ် ဆေးများကို    တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပထမအကြိမ် အဖြစ် ထိုးနှံခဲ့သည်။ ဒုတိယအကြိမ် ကာကွယ်ဆေးများ   ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၂၁ ရက်မှစတင်၍     မြေပြင်ခရီးလမ်းကြောင်းမှ  ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် ဝေးလံခက်ခဲဒေသ များသို့     တပ်မတော်(လေ)နှင့်  မြန်မာ့လေကြောင်း တို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်း ဖြန့်ဖြူး ပေးလျက်ရှိသည်။  


ဩဂုတ် ၂၅  ရက်အထိ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊  ဧရာဝတီတိုင်းဒေသကြီး၊     ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။


ဖြန့်ဖြူးပေး


အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ စက်ရုံ၊ အလုပ်ရုံများမှ  အလုပ်သမားများကို   ထိုးနှံပေးရန် အတွက်လည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။      


သတင်းစဉ်