
နေပြည်တော် ဇန်နဝါရီ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်း မှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ တစ်စီးဖြင့် နှာခေါင်းစည်း(Mask)သုံးတန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်