ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ  ၂၉


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်  အချိန်နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ  ယာဉ်စီးရေ တစ်စီးဖြင့်  နှာခေါင်းစည်း  (Mask)  ၇ ဒသမ၂၀ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်  ဆေးဝါးနှင့်  ဆက်စပ် ပစ္စည်းများတင်သွင်းခြင်းနှင့်  ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း  အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်