ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  မေ   ၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ   နှောင့်နှေးကြန့်ကြာမှုမရှိ   တင်သွင်းနိုင်ရေးအတွက်    အချိန်နှင့် တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ   ကုမ္ပဏီတစ်ခု၊  ယာဉ်စီးရေ    တစ်စီးဖြင့် နှာခေါင်းစည်း ၁ ဒသမ ၆၀ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့် ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm  တွင်   ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်