ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  ဩဂုတ်    ၆


ကိုဗစ်-၁၉   ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ  ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်          နယ်မြေ အသီးသီးရှိ   တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်း များ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌  ကြိုတင်ပြင်ဆင်မှု များကို  လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍     ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးလျက်   ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်  ရာတာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ ၌ Quarantine Center များကို လည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ 

 

ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့်    ကျန်းမာရေး စောင့်ရှောက်မှု        လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ    တာဝန်ရှိသူများ၊ သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူ ပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  
ထိုသို့ပြင်ဆင်          လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီအထိ    နေပြည်တော် စစ်ကြောရေးနှင့်      တည်းခိုရေး စခန်း၌      သီးသန့်စောင့်ကြည့်ရ မည့်သူ အမျိုးသား ၁၇၁  ဦးနှင့် အမျိုးသမီး ၁၇၆  ဦး  စုစုပေါင်း ၃၄၇ ဦးကို    လည်းကောင်း၊ ဥတ္တရ သီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား  သုံးဦး၊  အမျိုးသမီး တစ်ဦး စုစုပေါင်း   လေးဦးတို့ ကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြော ရေးနှင့်     တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၉၂ ဦးနှင့် အမျိုးသမီး ၂၅၀   စုစုပေါင်း ၅၄၂ ဦးကို လည်းကောင်း၊  ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၉၂ ဦး နှင့် အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၄၄ ဦးကို     လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ သံဃာ တော်  အပါး  ၄၀ တက်ရောက်ကုသ လျက်ရှိသည့် ရန်ကုန်တိုင်းဒေသ ကြီး   အင်းစိန်မြို့နယ်ရှိ  သီရိ မင်္ဂလာ    မဟာသာသနာ့ဗိမာန် တော်နှင့်  ကုသရေးစင်တာများသို့   တိုင်းဒေသကြီး        ဝန်ကြီးချုပ်   ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုပြီး  လိုအပ်သည်များ      ညှိနှိုင်း    ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


အလားတူ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ ရဟန်း၊ သံဃာတော်များကို ရန်ကုန်တိုင်း ဒေသကြီး       မရမ်းကုန်းမြို့နယ် ကမ္ဘာအေး  ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံတွင် ဇူလိုင် ၂၆ ရက်နေ့မှစ၍ ကုသပေးလျက်ရှိရာ ယနေ့အချိန် ထိ ၁၄ ပါး တက်ရောက် ကုသခဲ့ပြီး နှစ်ပါး    ပြန်လည်ကောင်းမွန်ခဲ့ သည်။ ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် ဆရာဝန်  ခြောက်ဦး၊   သူနာပြု  လေးဦး၊ ကျန်းမာရေး ဝန်ထမ်း သုံးဦး၊ ပရဟိတ စေတနာ့ ဝန်ထမ်း ခြောက်ဦး၊ ပစ္ဆာသမဏ ၂၄ ဦး   စုစုပေါင်း   ၄၃   ဦးဖြင့် စောင့်ရှောက် ကုသပေးလျက်ရှိပြီး      နံနက်၊ နေ့လယ်၊     ညနေဖြည့်စွက် အာဟာရများဖြင့် နေ့စဉ်ကုသိုလ် ပြုပေးလျက်ရှိရာ    စေတနာရှင် ကုသိုလ်ရှင်များအနေဖြင့် ရဟန်း၊ သံဃာတော်တစ်ပါး(အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊     ညနေ    အချိုရည်) အတွက်    ခုနစ်ထောင်ကျပ်နှုန်း ဖြင့်လည်းကောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီး  ကုသ ရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း များ၊   အလှူငွေများကို    လည်း ကောင်း  ပါဝင်လှူဒါန်းနိုင်ကြောင်း နှင့် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် အောက်ဆီ ဂျင်အိုးများကိုလည်း လှူဒါန်းနိုင် ကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး    အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း     သိရ သည်။    

                
သတင်းစဉ်