ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၄    


ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်  တိုင်းစစ်ဌာနချုပ်    နယ်မြေအသီးသီးရှိ    တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊  စစ်ကြော ရေးနှင့်   တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍  ကျန်းမာရေး     စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်   အခြားဌာနဆိုင်ရာ   တာဝန်ရှိသူများ၊   ပရဟိတအဖွဲ့ အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌    Quarantine Center များ ဖွင့်လှစ်ဆောင် ရွက်ပေးလျက်ရှိသည်။ 

 

ထိုသို့ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇   နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌    သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦး၊   စုစုပေါင်း ၁၆ ဦးတို့ကို လက်ခံထားရှိကြောင်း သိရှိရသည်။

 


အဆိုပါစောင့်ကြည့်လူနာများနှင့်  ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                                      

သတင်းစဉ်