
နေပြည်တော် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ မကွေး ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့ရှိ ကိုဗစ်-၁၉ ရောဂါ သီးသန့် စောင့်ကြည့်ရမည့် သူများနှင့် ဓာတ်ခွဲအတည်ပြု လူနာများ အတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ က သွားရောက်၍ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် Quarantine Center ပြုလုပ်မည့် မကွေးတက္ကသိုလ်ရှိ ဗိဿနိုးအဆောင်ကို မကွေး တပ်နယ်မှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်