ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်  ၂၉


တိုင်းစစ်ဌာန    ချုပ်နယ်မြေအသီး သီးရှိ   အစိုးရ၊   တပ်မတော်နှင့် ပုဂ္ဂလိကပိုင်    ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့်   အခြားလူသုံးကုန် လုပ်ငန်းများ   ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်     ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ   ယနေ့တွင်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသ     တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာ    တာဝန်ရှိသူများ သည်     ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်ရင်း များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို       သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု    လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့်  လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်