
နေပြည်တော် ဩဂုတ် ၁၅
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်တိုင်း စစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော် နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိ ပုဂ္ဂလိကပိုင် ငါးသားဖောက် လုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ကြက်မွေးမြူရေး လုပ်ငန်းနှင့် ညောင်နှစ်ပင်စိုက်ကွင်း၌ ဓာတုကင်း လွတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုတို့ကို လည်းကောင်း၊ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့ နယ်မြေခံတပ်ရင်း ရှိ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေး လုပ်ငန်းများကိုလည်းကောင်း သွားရောက် ကြည့်ရှု ၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ် မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက် အတွင်းရောင်းချရန် အခက်အခဲဖြစ် ပေါ်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှ သီးနှံများကို နယ်မြေခံတပ်မတော် သားများက ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မောတောင်မြို့ရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများမှ သီးနှံများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်ဝယ်ယူ အားပေး ခဲ့ပြီး အဆိုပါဝယ်ယူခဲ့သည့်သီးနှံများကို ကိုဗစ် စင်တာများသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်