ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်   ၁၄


ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို     အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ် မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်လျက်ရှိ ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့  သွားရောက်ကြည့်ရှုကြပြီး   လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်       ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် တာဝန်ရှိသူများသည်    တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုရှိ အဆင့်မြင့်လယ်ယာ အထွက်တိုးစပါးစိုက်ခင်းနှင့် ဥတိုစိုက်ပျိုးမွေးမြူရေး စခန်းရှိ    ကြက်မွေးမြူရေးခြံတို့ကို လည်းကောင်း၊ မှော်ဘီမြို့နယ်  မြောင်းတကာကျေးရွာရှိ အသားစားနွားမွေးမြူရေးခြံများနှင့်     မှော်ဘီမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ  ရန်ကုန်မြို့တော်   စည်ပင် သာယာရေးကော်မတီမှ   ဆောင်ရွက်လျက်ရှိသည့်    လှိုင်မြစ်-လှော်ကား      ရေအားဖြည့်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်နှင့်   ရေတွန်းစက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို  လည်းကောင်း     အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်   တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ     ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေး  လိုအပ်သည်များ    ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ထို့ပြင်   ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ   ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရန်   အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှသီးနှံများကို  နယ်မြေခံ တပ်မတော် သားများက     ဝယ်ယူပေးလျက်ရှိရာ   ဩဂုတ် ၁၃ ရက်နှင့်     ယနေ့တွင်     ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်  ယာပြင်ကျေးရွာနှင့်  လားရှိုးမြို့ အမှတ်(၁၀) ရပ်ကွက်တို့ရှိ    ဒေသခံပြည်သူများ၏ စိုက်ခင်းများမှ  ဟင်းသီးဟင်းရွက်များနှင့်  သီးနှံများ ကို        အရှေ့မြောက်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ဝယ်ယူအားပေးခဲ့ပြီး (ဝဲပုံ)   အဆိုပါ  ဝယ်ယူခဲ့သည့် သီးနှံများကို  လားရှိုးမြို့နှင့်  လောက်ကိုင်မြို့တို့ရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၏ မိသားစုဝင်များအား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                                            

သတင်းစဉ်