ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား မည်သူတစ်ဦးတစ်ယောက်မှ ကြိုတင်သိမြင်ခန့်မှန်းနိုင်မှုမပြုလုပ်နိုင်  ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ မပျက်မကွက် ဆက်လက်လိုက်နာရန်လိုအပ်

 

 

နေပြည်တော်   စက်တင်ဘာ     ၁၃


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ   အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Confer-encing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့ အစည်းအဝေးအား နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုရက်အနေဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ၅၃၈ ရက်ရှိကာ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၄၃၁၈၃၃ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုများကို 
ရက်အလိုက်  စောင့်ကြပ်ကြည့်ရှုခဲ့ရာ  စက်တင်ဘာလ ၅ ရက်မှ စက်တင်ဘာလ ၁၂ ရက်အတွင်း  ရောဂါ တွေ့ရှိမှု ၁၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းအထိ ကျဆင်း လာသည်ကို   တွေ့ရှိရကြောင်း၊  ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး ဗဟိုကော်မတီ အစည်းအဝေးအား  ကိုဗစ်-၁၉   ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှု        ရာခိုင်နှုန်းထက်ဝက်ကျဆင်းရေး ရည်မှန်းကာ အပတ်စဉ် တနင်္လာနေ့တိုင်း ဇူလိုင်လ ၇ ရက်နေ့မှစ၍   ယနေ့ (၁၂)ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိကာ   အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကိုလည်း Video Conferencing စနစ် ဖြင့်  နေ့စဉ်နီးပါး ဆောင်ရွက်ခဲ့ရာ ယခုနောက်ပိုင်း ရက်သတ္တပတ်လျှင်၂ကြိမ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် လျက်ရှိပါကြောင်း၊    အလားတူ    ပြည်သူလူထု၏  ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်မှုများကြောင့်လည်း အမြင့်ဆုံး   ပိုးတွေ့မှုရာခိုင်နှုန်း  ၄၀  ရာခိုင်နှုန်း ပတ်ဝန်းကျင်မှ  ယခုအပတ်အတွင်း  ၈ ရာခိုင်နှုန်း အထိ  ကျဆင်းလာသည်ကို  တွေ့ရှိရကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်  စာရင်းအရ ၈  သိန်းကျော်ရှိ ပြီး လက်ရှိ ၄ သိန်းကျော်  ကာကွယ်ဆေးထိုးနှံထား သဖြင့် ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထား ပြီးဖြစ်ကြောင်း၊   ရုံးပိတ်ကာလ  ၂ လ  နီးပါးကျော် ကြာမြင့်ခဲ့ပြီး သွားလာမှု၊ လုပ်ငန်းလုပ်ဆောင်မှုများကို သတ်မှတ်သည့်    စည်းမျဉ်း  စည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့သဖြင့် ကူးစက်မှုနှုန်း ကျဆင်းလာခဲ့ခြင်း ကြောင့်လည်း   ရုံးပိတ်ရက်ရှည်   ကာလအတွင်း လုပ်ငန်းအချို့ လည်ပတ်မှု ရပ်တန့်မှုအပေါ် ပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ရေး  ယနေ့ (၁၃-၉-၂၀၂၁)ရက်မှစ၍  ဝန်ကြီးဌာနအလိုက် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ နှစ်ပတ်တက် နှစ်ပတ်နား စနစ် ဖြင့် ရုံးဌာနများ စတင်ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း။
ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့်လည်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူ ပြု ပစ္စည်းတင်သွင်းမှုများနှင့်ပတ်သက်၍ ကန့်သတ် ချက်များအား  ဖြေလျှော့ပေးခြင်း၊    ပယ်ဖျက်ခြင်းများ   ဆောင်ရွက်ခဲ့မှု၊   ပြည်သူလူထုအားလုံး၊ ဝန်ထမ်းများ အားလုံးကလည်း  ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် အိမ်နီး ချင်းနိုင်ငံများအနေဖြင့်လည်း   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး၊   ကုသဆေးနှင့်   အထောက်အကူ ပြုပစ္စည်းများအတွက်  ကူညီပံ့ပိုးခွင့်ပြုပေးမှုစသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်လတာအတွင်း ရောဂါပိုးကူးစက်မှု  ရာခိုင်နှုန်းသိသိသာသာ ကျဆင်း လာသည်ကို  တွေ့ရှိရကြောင်း၊ ရောဂါကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်းအထိ   ကျဆင်းလာသည်ကို  တွေ့ရှိရ သော်လည်း  သက်ဆိုင်ရာ  ကျန်းမာရေးဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံတကာ၏ စံနှုန်းတို့အရ ကူးစက်မှု နှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှသာလျှင် စိတ်ချရ မည့်  အခြေအနေဖြစ်ကြောင်း၊  ထိုသို့စိတ်ချရသည့် ရာခိုင်နှုန်းအောက်   လျော့ကျသွားအောင်  လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျှော့ဘဲ အားသွန်ခွန်စိုက်ဖြင့်    မြန်မြန်ဆန်ဆန်  ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါ ကူးစက်မှု  လျော့ကျလာသဖြင့်  ပြည်သူအများစုက စိုးရိမ်စရာမရှိဟု  ယူဆ၍ ကိုဗစ်-၁၉ ရောဂါအတွက် သတ်မှတ်ထားသည့်      စည်းကမ်းချက်များအား လိုက်နာမှု  အားနည်းလာလျှင်လည်းကောင်း၊ တာဝန် ရှိသူများ၏  ကြပ်မတ်မှု  အားနည်းလာလျှင်သော် လည်းကောင်း၊    လူစုလူဝေးများ၊    လူအုပ်စုများ ပါဝင်သည့် အခမ်းအနား ပျော်ပွဲရွှင်ပွဲများ  ဆောင်ရွက် ခဲ့လျှင်သော်လည်းကောင်း         ရောဂါကူးစက်မှု   ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း။ 
ကြိုးစားဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား မည်သူ တစ်ဦး တစ်ယောက်မှ ကြိုတင်သိမြင်ခန့်မှန်းနိုင်မှု မပြုလုပ် နိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ မပျက်မကွက်  ဆက်လက်လိုက်နာရန် လိုအပ်သလို ကာကွယ်ဆေး   ထိုးနှံရန်  ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ    စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော် ဝန်ကြီးချုပ်က လူတိုင်း အသက်ထက်အရေးကြီးတာ  ဘာမှမရှိဟု သတ်မှတ်ထားပြီး   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အရေးပေါ်တုံ့ပြန်ရေးကော်မတီ     အသီးသီးတို့က  လူတိုင်းအသက်ရှင်သန်နိုင်ရေးတို့အတွက် တတ်နိုင် သမျှ    ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများ၊ လိုအပ်သည့် အောက်ဆီဂျင်များအား ပြည်သူအများစု ကလည်း  ဝိုင်းဝန်းလှူဒါန်းမှု၊  အစိုးရမှ   ပံ့ပိုးကူညီ ဆောင်ရွက်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အောက်ဆီဂျင် Plant များ တည်ဆောက်ခဲ့မှု စသည် တို့ဖြင့် အဘက်ဘက်က အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်  ရောဂါဖြစ်ပွားမှုအား တွန်းလှန်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိ သော်လည်း   အချို့သော  ပြည်တွင်း/ ပြည်ပအဖွဲ့ အစည်းများက   ကိုဗစ်-၁၉ ရောဂါနှင့်  ပတ်သက်၍ ကုသရေးလုပ်ငန်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း များကို   နှောင့်ယှက်ဖျက်ဆီးနေသည်ကို  ဝမ်းနည်း ဖွယ်ရာ   တွေ့ရှိရကြောင်း။
ကာကွယ်၊ တုံ့ပြန်ရန်လို
နိုင်ငံတော်က  ထိုးနှံပေးသည့်  ကာကွယ်ဆေးများ ၏ ထိရောက်မှုများအပေါ်  ယုံကြည်မှုကင်းမဲ့စေရန် မဟုတ်မမှန်  ပြောဆိုမှုများအပြင်   မြေပြင်တွင် ဆောင်ရွက်လျက်ရှိသည့်   လုပ်ငန်းများကိုလည်း နှောင့်ယှက်လျက်ရှိသည်ကို     တွေ့ရှိရကြောင်း၊ စေတနာ့ဝန်ထမ်းများ၊  ကာကွယ်ဆေး ထိုးနှံသူများ မလာရဲအောင်၊   မလုပ်ရဲအောင်၊    ပျက်သုဉ်းသွား အောင်    လက်ပစ်ဗုံးများဖြင့်   ပစ်ပေါက်တိုက်ခိုက် ခြင်း၊   ခြိမ်းခြောက်ခြင်းများ    ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းလုပ်ရပ်များသည်     မဖြစ်သင့်   မဖြစ်ထိုက်သော BIO   Terrorism    အကြမ်းဖက်လုပ်ရပ်များဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းစီ၏ လူ့ အခွင့်အရေးအား     အကြမ်းဖက်ခြင်းလည်းဖြစ် ကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍လည်း ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း  လုံခြုံရေးအရ    တင်းကျပ်စွာ ကိုင်တွယ်    ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအပေါ် ထိခိုက်နှောင့်ယှက်လာသူမှန်သမျှ ပြင်းပြင်းထန်ထန် ကာကွယ်၊ တုံ့ပြန်ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေဖြင့်  အစီအမံများချမှတ်ကာ  ကာကွယ်ဆေး၊ ကုသဆေးများကို   ရရှိအောင်   ဆောင်ရွက်လျက်ရှိ သဖြင့်  ၎င်းလုပ်ငန်းများအပေါ်  မနှောင့်ယှက်ရန်လို ကြောင်း။
QR Code စနစ်ဖြင့် ဆောင်ရွက်
 နိုင်ငံတော်အကြီးအကဲအနေဖြင့်   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး   ထိုးနှံရေးနှင့်   ပတ်သက်၍ တိုင်းရင်းသား   လက်နက်ကိုင်   အဖွဲ့အစည်းများကို လည်း ကာကွယ်ဆေးထိုးနှံပေးရန်  ပြောကြားထား ပါကြောင်း၊ နိုင်ငံတွင်  နေထိုင်လျက်ရှိသည့် မိမိတို့၏ တိုင်းရင်းသားများအား ကျန်းကျန်းမာမာဖြင့် ကိုဗစ်-၁၉ ရောဂါ  ကျော်လွှားနိုင်ရန်   ကာကွယ်ဆေးများ ထိုးနှံရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်‌ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ မှတစ်ဆင့် NCA လက်မှတ်ရေးထိုးပြီးသည့်  တိုင်းရင်း သားလက်နက်ကိုင်   အဖွဲ့အစည်းများ၊  လက်မှတ် မရေးထိုးရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ  အားလုံးကို  ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊    ကာကွယ်ဆေး ထိုးနှံရာတွင် QR Code စနစ်ဖြင့် ဆောင်ရွက်ရသဖြင့် စာရင်းဇယား အတိအကျဖြင့် ဆောင်ရွက်ရမည်ဖြစ် သောကြောင့် လိုအပ်သည့် အင်အားစာရင်းများ ပေးပို့ ရန်  ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၊  အချို့သော အဖွဲ့အစည်းများက  ဆက်သွယ်ပြောဆိုမှုများအပေါ် နားလည်မှုလွဲ၍  ဆေးထိုးနှံမည့်  အင်အားတောင်းခံမှု အပေါ် သံသယဖြစ်ပေါ်ခဲ့သည်ကို  ကြားသိရကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ စေတနာမှာ တိုင်းရင်းသား အားလုံး ပြည်နယ်၊ ပြည်မ  မခွဲခြားဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်ဆေးထိုးခြင်းဖြင့် ကျော် လွှားနိုင်စေရန်၊ ဖြစ်ပွားလာပါကလည်း ရောဂါအား ကောင်းမွန်စွာ   ခုခံနိုင်ပြီး    အမြန်ဆုံးပြန်လည် သက်သာစေရန် စသည့် ကောင်းမွန်စေရန်ရည်ရွယ် ချက်များ၊ စေတနာအပြည့်ထားလျက် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
စနစ်တကျပြန်လည်စိစစ်
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ နှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးအလိုက်   ဖွဲ့စည်းထားသော  အဖွဲ့အစည်း များဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အချို့ပြည်နယ်နှင့်  တိုင်းဒေသကြီးများတွင် ဆေးထိုးရန်ကျန် အရေအတွက်များ များပြားလျက်ရှိ သည်ကို  တွေ့ရှိရကြောင်း၊  ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်များအလိုက်   စနစ်တကျပြန်လည်စိစစ်၍ ထိုးနှံရမည့် အုပ်စုများအလိုက် ကျန်ရှိမှုမရှိစေရေး၊ စာရင်းဇယားများ ရှုပ်ထွေးမှု မရှိစေရေး၊ လုပ်ငန်းများ ပြီးပြတ်အောင်  ဆောင်ရွက်ရန်လိုကြောင်း၊  ဖြန့်ဝေ ပေးထားသည့် ကာကွယ်ဆေးများကို သက်ဆိုင်ရာ အုပ်စုများအလိုက်   ထိုးနှံရာတွင်  စနစ်တကျနှင့် လျင်မြန်စွာပြီးမြောက်အောင်   ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြီးပြတ် သွားမည်မဟုတ်သည့်အတွက် နိုင်ငံတော်အကြီးအကဲ အနေဖြင့်   ကာကွယ်ဆေးအား  ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာန များကို တာဝန်ပေးအပ်၍ ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင် ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဝါယမ စိုက် ထုတ် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကလည်း  လက်ရှိ ဖြန့်ဝေပေးထားသည့် ကာကွယ်ဆေးများကိုလည်း အမြန်ဆုံး ထိုးနှံနိုင်ရေး၊ ထိုးနှံပြီး စာရင်းဇယားများကို လည်း မှန်မှန်ကန်ကန်၊ တိတိကျကျ ပေးပို့နိုင်ရေး တို့ကို    ဝါယမ    စိုက်ထုတ်ဆောင်ရွက်ပေးရန်လို ကြောင်း ပြောကြားသည်။
လက်ခံကုသပေးနိုင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားခဲ့မှု၊ ရောဂါပျောက်ကင်းမှု နှင့်  လက်ရှိဆေးရုံများတွင်  ကုသမှုဆောင်ရွက်ပေး နေမှု အခြေအနေများ၊ ပိုးတွေ့လူနာနှင့် သံသယလူနာ များအား လက်ခံကုသပေးနိုင်ရေးအတွက် ပြင်ဆင် ထားရှိသည့် ဆေးရုံနှင့်  စင်တာများ၏ အခြေအနေ များ၊ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ထိုးနှံရန်ကျန်ရှိသည့် အခြေအနေများ၊ ဆေးရုံများအတွက်    လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ရောဂါပိုးအား နေ့စဉ်စစ်ဆေး နေမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျော့ကျလာသည့် အခြေအနေများ၊ အောက်ဆီဂျင်များ ထုတ်လုပ်နိုင်မှု၊ လိုအပ်ချက် ပြည့်မီကျော်လွန်သည်အထိ ထုတ်လုပ် နိုင်မှုအခြေအနေများ၊ စက်တင်ဘာလ ၁၂ ရက်တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၄ သန်း ရောက်ရှိခဲ့မှုနှင့် ပြည်နယ်နှင့်   တိုင်းဒေသကြီးများသို့  ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ထိုးနှံရန်ကျန်ရှိမှုနှင့် သတ်မှတ်ချက်အတိုင်း    စနစ်တကျထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ။
ယခု ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၅၅)နှစ် အထက် လူပုဂ္ဂိုလ်များ၊ မသန်စွမ်းများ၊ EAO များ ကိုပါ ထပ်မံထည့်သွင်း၍  ထိုးနှံနိုင်ရေး  ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊  ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊    တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့်     ကာကွယ်ဆေးများအား စက်တင်ဘာလတွင် ၁၀ သန်း၊ အောက်တိုဘာလတွင် ၁၀ သန်းနှင့် နိုဝင်ဘာလတွင် ၄ သန်းရောက်ရှိလာမည့် အခြေအနေများ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ မှ ကာကွယ်ဆေး၊ ဆေးပစ္စည်းများသာမက လူသားချင်းစာနာထောက်ထားမှုအကူအညီများ လှူဒါန်းပေး အပ်နိုင်ရေး    ဆောင်ရွက်လျက်ရှိသည့်  အခြေအနေ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပြည်တွင်း ၌ပင် Ready to Full စနစ်ဖြင့် ထုတ်လုပ်ဖြန့်ချိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ Relief   Flight   များ   ပြေးဆွဲ၍    ပြည်ပရောက်   မြန်မာနိုင်ငံသားများအား  ခေါ်ယူဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး၊ ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းမှု အခြေ အနေများ။
လျင်မြန်စွာ ထုတ်ယူနိုင်ရေးချိတ်ဆက်
မြန်မာနိုင်ငံအတွင်း    လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များမှ  တစ်ဆင့်တင်သွင်း လျက်ရှိသည့် အခြေအနေများ၊   ဝင်ရောက်လာသည့်   ဆေးနှင့် ဆေးပစ္စည်းများအား လျင်မြန်စွာ ထုတ်ယူ ခွင့်ရရှိရေး ဆောင်ရွက်ပေးနေမှု၊   FDA  ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားသည့်  ဆေးနှင့်   ဆေးပစ္စည်း များအား   လျင်မြန်စွာ    ထုတ်ယူနိုင်ရေးချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် သတင်း၊ သီချင်း၊ အသိ ပညာပေး  အစီအစဉ်များအား  မြန်မာဘာသာဖြင့် သာမက တိုင်းရင်းသားဘာသာများဖြင့်ပါ ထုတ်လွှင့် ပေးနေမှု အခြေအနေများ၊ ရုပ်သံများတွင်သာမက ပြည်သူလူထုအား  ကျယ်ပြန့်စွာသိရှိရေး အသိပေး နှိုးဆော်ချက်များအား        ရပ်ကွက်များအလိုက် လှည့်လည်  ကြေညာဆောင်ရွက်နေမှု  အခြေအနေ များ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများအား ဆေးထိုး နှံနိုင်ရေး   တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Hot Spot မြို့နယ်များသတ်မှတ်၍ စစ်ဆေးမှု၊ ပိုးတွေ့ရှိမှုနှင့် ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာမှု  အခြေအနေ များ၊ ကူးစက်မှုနှုန်းလျော့ကျခြင်း မရှိသည့် အချို့ မြို့နယ်များ၊   ကူးစက်မှုနှုန်း  ပိုမိုမြင့်မားလာသည့် မြို့နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် သည့်  အခြေအနေများ၊ စာသင်တိုက်များ၊ ဘိုးဘွား ရိပ်သာများနှင့်  နေထိုင်မှုများပြားသည့် နေရာများကို စစ်ဆေးဆောင်ရွက်နေမှု၊  ဆက်လက်ဆောင်ရွက် သွားမည့်   အခြေအနေများ။
အကျယ်တဝင့် ရှင်းလင်းတင်ပြ
ပြည်ပနိုင်ငံရောက် နိုင်ငံသားများ၏ ပြည်တွင်း ပြန်လည်ဝင်ရောက်မှု၊ စစ်ဆေးတွေ့ရှိမှု၊ ကုသဆောင် ရွက်ပေးနေမှုအခြေအနေများ၊ ရွေ့လျားဈေးကားများ နှင့်    လှည့်လည်ရောင်းချပေးနေမှုအခြေအနေများ၊ Relief Flight များဖြင့် နိုင်ငံသားများ၊ ဆေးနှင့်ဆေး ပစ္စည်းများအား  ပြည်တွင်းသို့    ပြန်လည်ပို့ဆောင်  ပေးနိုင်ခဲ့သည့် အခြေအနေများ၊  လမ်းပန်းဆက်သွယ် မှု   မပြတ်တောက်စေရေး  ရထားလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းများ   စဉ်ဆက်မပြတ်  ပြေးဆွဲ၍ လူနှင့်   ကုန်ပစ္စည်းများ  ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများ၊ တယ်လီဖုန်း Operator များမှ တစ်ဆင့် အသိပညာပေး SMS များ   ပေးပို့ခဲ့မှု   အခြေ အနေများ၊  ဆက်သွယ်မှု      ပြတ်တောက်စေရန်အတွက် အကြမ်းဖက်သမားများက    တာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်       အခြေအနေများနှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်ဆေးရုံများနှင့်      တပ်အသီးသီးတွင် ပိုးတွေ့သူများနှင့်     သံသယလူနာများအား   ကုသ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တိုင်းရင်းဆေး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆေး ထုတ်လုပ်နိုင်ရေး    သုတေသနလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည့်     အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
တိုးမြှင့်ဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်   ရုံးပိတ်ရက်ရှည်ကာလ အတွင်း  Stay  at  Home  ၁၁၉ မြို့နယ်အနက်မှ သိသာစွာ     ပိုးတွေ့မှု  ရာခိုင်နှုန်းမကျဆင်းဘဲ တန့်ရပ်နေသည့်   ၆၅  မြို့နယ်တွင်  စာရင်းအရ သိသိသာသာ ကျဆင်းသည့် မြို့နယ် ၉ မြို့နယ်ရှိပြီး တိုးမြင့်လာသည့်  မြို့နယ်  ၄  မြို့နယ်ရှိကြောင်း။ ၎င်းမြို့နယ်များတွင် Hot Spot ဧရိယာ၌ မပါဝင်သည့် မြို့နယ် ၁၁ မြို့နယ်ရှိသည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့်   ရောဂါပိုးစစ်ဆေးမှုများကို   တိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံမှု        လုပ်ငန်းများတွင်  ကာကွယ်ဆေးများကို  ဖြန့်ဝေပေးပို့ထားသော်လည်း ထိုးနှံရန်ကျန်ရှိသည့် အရေအတွက်  များပြားနေသည် ကို   တွေ့ရှိရကြောင်း။
ဦးစားပေးအဆင့်လိုက် ထိုးနှံ  
ထပ်မံရောက်ရှိလာသည့်   ကာကွယ်ဆေးများကို  လျင်မြန်စွာ   ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ် သဖြင့်    ဆေးထိုးရန်ကျန်ရှိမှု  များပြားသဖြင့် Cold Chain များတွင်   သိုလှောင်ရေး   အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊  ကာကွယ်ဆေးများအား  စနစ်တကျ  ထိန်းသိမ်းနိုင်ခြင်းမရှိပါက နိုင်ငံခြားငွေ ဖြင့်  ဝယ်ယူထားရသည့် ကာကွယ်ဆေးများ ပျက်စီး ဆုံးရှုံးနိုင်သဖြင့်    ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆုံး ထိုးနှံပြီးစီးအောင်  ဆောင်ရွက်ပေးရန်လိုကြောင်း၊   ပေးပို့လိုက်သည့်   ကာကွယ်ဆေးများကို လည်း မြို့နယ်များအလိုက် ဦးစားပေးအဆင့်လိုက် ထိုးနှံ ဆောင်ရွက်ပေးရန်အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရန်  လိုအပ်ကြောင်း၊   ကာကွယ်ဆေး ထိုးနှံပြီးစီးသူများကိုလည်း    QR  Code  များဖြင့် မှတ်တမ်းပြုစုရမည်ဖြစ်သဖြင့်  စာရင်းဇယားများကို စနစ်တကျပြုစုထားရန်  လိုအပ်ကြောင်းနှင့်   ယခု ကာကွယ်ဆေး  ထိုးနှံရာတွင်  အချို့ဒေသများတွင် မှတ်ပုံတင်   မရှိသည်များ၊  မှတ်ပုံတင်ပျောက်ဆုံး လျက်ရှိသူများကို   တွေ့ရှိရသဖြင့်  ဝန်ကြီးချုပ်များ အနေဖြင့် တစ်ဖက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ     ပြီးစီးမှုစာရင်းဇယား   မှန်ကန်စေရေးနှင့် တစ်ဖက်၌လည်း ပန်းခင်းစီမံချက်ကို အထောက်အကူ ပြုစေရန်   ရည်ရွယ်၍   ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့၌    ပန်းခင်းစီမံချက်လုပ်ငန်းမှ  တာဝန်ရှိသူ အချို့ပါ    ထည့်သွင်းဖွဲ့စည်းပါက  ပန်းခင်းစီမံချက် ဆောလျင်စွာ  ပြီးစီးရေးကို    အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။
မျက်ခြည်မပြတ် ဆောင်ရွက်
သို့ဖြစ်ပါ၍  သက်ဆိုင်ရာ   ဝန်ကြီးချုပ်များက  လိုအပ်သလို  ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက် ပေးရန်  မှာကြားလိုပါကြောင်း၊ ကာကွယ်ဆေးထိုး နှံရာတွင်   ပုဂ္ဂလိကအသင်းအဖွဲ့များကပါ    ပူးပေါင်း ဆောင်ရွက်လျက်ရှိသော်လည်း ဆေးထိုးနှံပေးမည့် သူများမှာ သက်မှတ်ချက်နှင့် ကိုက်ညီသည့်  ကျန်းမာ ရေး ဝန်ထမ်းများကိုသာ   တာဝန်ပေးအပ်ရန်လို ကြောင်း၊ ကာကွယ်ဆေးထိုးသည့်   အရေအတွက် စာရင်းဇယား     တိကျမှန်ကန်မှုရှိစေရေးအတွက် လည်း   ကာကွယ် ဆေးထိုးသည့် ပုဂ္ဂလိကအသင်းအဖွဲ့ တာဝန်ရှိသူများမှ  စာရင်းဇယားများ စနစ်တကျရေး သွင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊  လက်ရှိတွင်   ကိုဗစ်-၁၉ ရောဂါဖြင့်  ဆေးရုံတက်ရောက်  ကုသမှု ခံယူရသည့် လူနာများ လျော့ကျလာသည်ကို တွေ့ရှိရ သော်လည်း  သက်ဆိုင်ရာ  ဆေးရုံများတွင်  အခြား ရောဂါများနှင့်    ကိုဗစ်-၁၉  ရောဂါတို့အတွက် အရေးပေါ်ကုသရေး အခန်းများသီးခြားပြင်ဆင်မှုများ ကို ပြင်ဆင်ထားရန်လိုပြီး  အချိန်မရွေး  ကုသပေးနိုင် အောင်  ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင်  ဆောင်ရွက်ခဲ့သော  ကုသရေး စင်တာများကို ကူးစက်မှုနှုန်း လျော့ကျလာချိန်တွင် အချို့နေရာများ၌     ပြန်လည်ရုပ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိရာတွင်    ပြင်ဆင်ထားရှိသည့်  အဆောက်အဦများအလိုက်     ဆက်စပ်ပစ္စည်း ကိရိယာများကို     စနစ်တကျ    သိမ်းဆည်း၍  လိုအပ်လာပါက  ချက်ချင်းအသုံးပြုနိုင်ရေး    စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၈ ရာခိုင်နှုန်းခန့်သာရှိသော်လည်း  ရှေ့ဆက်ဖြစ်လာနိုင်သည်များကို ကြိုတင်မျှော်တွေး ကာ   ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  နေ့စဉ်မျက်ခြည်မပြတ်  ကြည့်ရှုစစ်ဆေးကာ  ဖြစ်ပေါ်လာသည့် အခြေအနေ များကို   အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊    ဗဟို ကော်မတီများသို့  အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် တင်ပြ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်  ပညာပေးလုပ်ငန်းများကို        မျက်ခြည်မပြတ် ဆောင်ရွက်သွားရန်       လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်