
သီပေါ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဗီဇ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးအတွက် Mask Campain ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ် သော မြို့မဈေးကြီး ဝင်္ကဝံချေး နှင့် လမ်းဆုံရာနေရာများတွင် ဆောင်ရွက်ကြသည်။
အဆိုပါ Mask Campaigm မြို့နက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း ဦးဆောင်မှုဖြင့် မြို့နယ်ယာယီထိန်းတပ်ဖွဲ့၊ မြန်မာ နိုင်ငံရဲ၊ ကျန်းမာရေး၊ တပ်ပင် ကာကွယ်ရေး၊ မီးသတ်၊ ကြက်ခြေ နီ၊ ပြန်ဆက်ဦးစီးဌာနနှင့် တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ကြ ပြီး ခရီးသွားပြည်သူများ၊ နေအိမ် ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန်နှင့် လက်ကို စနစ် တကျ ဆေးကြရန်စသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးပြောင်းအိုမီ ခရွန်ရောဂါ ကြိုတင်ကာကွယ် ရေးနည်းလမ်းများကို အသိပေး ဆွေးနွေးကြသည်။
သီပေါမြို့နယ်အနေဖြင့် ယခု လတ်တလောကာလတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူများ ပြန်လည် တွေ့ရှိရခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်း (သီပေါ)