ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ ၂၂


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ      အစိုးရ၊ တပ်မတော်နှင့်  ပုဂ္ဂလိကပိုင်  ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့်     အခြားလူသုံးကုန်လုပ်ငန်းများ   ကုန်ထုတ်လုပ်မှု  ရာနှုန်းပြည့်     ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက    အဆိုပါနေရာများသို့   သွားရောက် ကြည့်ရှုကြပြီး    လိုအပ်သည်များ     ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ပိုင်းတွင်   ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံမြို့ နယ်မြေခံတပ်ရင်းများရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများသည်     ရခိုင်ပြည်နယ်   ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံတပ်ရင်း၌  မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်