ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေးထိုးနှံရမယ့် ဦးစားပေးအုပ်စုတွေထဲမှာ နာတာရှည် ရောဂါအခံရှိသူတွေလည်း 
ပါဝင်ပြီးဖြစ်လို့ မိမိဒေသအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူနေတဲ့နေရာတွေမှာ စာရင်းပေးသွင်း၍  
ကာကွယ်ဆေးကို အထူးအလေးအနက်ထား ထိုးနှံသင့်တဲ့အကြောင်းကို ဒီနေရာကနေ တင်ပြလိုက်ရပါတယ်

ထက်လျှံ
 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ    စက်တင်ဘာ ၁၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသ ခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး    ။    ။    ကိုဗစ်ကာလအတွင်း ကျန်းမာ            စွာ     ဘယ်လိုနေထိုင်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲမှ         ညွှန်ကြားရေးမှူး  ဒေါက်တာသန်းနိုင်စိုးနဲ့   တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း     အိမ်မှာကျန်းမာစွာ ဘယ်လိုနေထိုင်ရမလဲဆိုတာနဲ့        ပတ်သက်ပြီး ပြောကြားပေးပါဦးဆရာ။
ဒေါက်တာသန်းနိုင်စိုး    ။    ။    ကိုဗစ် - ၁၉    ရောဂါ            ဟာ ကမ္ဘာမြေပေါ်က အလွယ်တကူ ပျောက်ကွယ်သွားမယ့်ရောဂါထဲမှာ မပါနိုင်ဘူးဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့မှတ်ချက်ကို ဦးစွာဆွေးနွေး    တင်ပြလိုပါတယ်။   စင်ကာပူနဲ့ ဩစတြေးလျနိုင်ငံတွေက    ကိုဗစ်နဲ့အတူ ယှဉ်တွဲ နေထိုင်ပြီး တစ်ဖက်က ကိုဗစ် - ၁၉ ဖြစ်ပွားမှုတွေ  ကာကွယ်ထားတဲ့အချိန်မှာ   တစ်ဖက်က   မိမိတို့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ လုပ်ငန်းတွေကို ဘယ်လိုပြန်လည်ရှင်သန်ပြီး   နေထိုင်မလဲဆိုတာ စတင်စဉ်းစားဆောင်ရွက်နေတာကို  တွေ့လာရ ပါတယ်။


ကျွန်တော်တို့အနေနဲ့   ကိုဗစ် - ၁၉    ရောဂါ ကာကွယ်ရင်းနဲ့ ဘယ်လိုကျန်းမာအောင် ရှင်သန်နေ  ထိုင်ကြမလဲ။ ကိုဗစ် - ၁၉ ရောဂါအပြင် အခြားရောဂါ တွေ ဖြစ်ပွားမှုမရှိအောင် ဘယ်လိုနေထိုင်စားသောက် ကြမလဲဆိုတာ  အရေးကြီးလာပါတယ်။  ၂၁ ရာစု ခေတ်ကာလမှာ ကူးစက်တတ်သောရောဂါနဲ့ မကူး စက်တတ်သော ရောဂါ နှစ်ခုက တစ်ပြိုင်နက်တည်း ခံစားနေရသလို   ဖြစ်နေပါတယ်။   ၂၁ ရာစုရဲ့ လူနေမှုပုံစံတွေကြောင့် မကူးစက်တတ်သောရောဂါ တွေ ဖြစ်ပွားမှုများပြားတယ်လို့  ပညာရှင်တွေက ပြောကြပါတယ်။ 


ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့   နေထိုင် စားသောက်မှုပုံစံတွေအဖြစ် ပြောင်းလဲရပါမယ်။ ဒါတွေပြောင်းလဲနိုင်ရင် မကူးစက်တတ်သောရောဂါ တွေ     ဖြစ်ပွားမှုကို   သိသိသာသာလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ လို ရောဂါတွေက မကူး စက်တတ်သောရောဂါအခံရှိတဲ့သူကို ဝင်ရောက်ရင် ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှု၊ သေဆုံးမှုတွေ ပိုပြီးမြင့်မားစေပါတယ်။ ဒါကြောင့် မကူးစက်တတ် သော   ရောဂါဖြစ်ပွားမှုတွေ     လျော့ပါးအောင် ဆောင်ရွက်နိုင်ရင် တစ်ဖက်က ကူးစက်ရောဂါတွေ ဝင်ရောက်ဖြစ်ပွားလာတဲ့အခါ ကျန်းကျန်းမာမာနဲ့ အောင်မြင်စွာဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။


ကိုဗစ်နဲ့အတူ       ယှဉ်တွဲနေထိုင်မယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖို့ လိုပါတယ်။   ဒါမှ  အခြေခံကျန်းမာရေးကောင်းပြီး မကူးစက်တတ်သောရောဂါတွေနဲ့ ရောဂါအခံရှိနိုင် တာတွေ   လျှော့ချနိုင်မယ်။    ရောဂါကာကွယ်ရေး နည်းလမ်းတွေကို    လိုက်နာမယ်ဆိုရင်   ရောဂါပိုး ဝင်ရောက်ကူးစက်တာကို       ကာကွယ်နိုင်မယ်။ ကာကွယ်ဆေးထိုးနှံထားရင် ရောဂါပိုးဝင်လာခဲ့ရင် တောင်မှ ခန္ဓာကိုယ်ခုခံအားစနစ်က အနိုင်ယူနိုင်ဖို့ အထောက်အကူပြုပါတယ်၊ ဒီလိုနည်းလမ်းတွေကို ပေါင်းစပ်ကျင့်သုံးရမှာ ဖြစ်ပါတယ်။ 


ကျန်းမာတဲ့        လူနေထိုင်မှုပုံစံနဲ့နေထိုင်သူ၊ ကာကွယ်ရေးနည်းလမ်းတွေကို      လိုက်နာသူ၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုကို ခံယူထားသူ တစ်ယောက်ဆိုရင်  ကိုဗစ်-၁၉   ရောဂါလို ကူးစက် ရောဂါတွေ ကြံ့ကြံ့ခံကျော်လွှားနိုင်တဲ့၊ ကျန်းမာရေး အရ   လုံခြုံစိတ်ချရတဲ့   လူသားတစ်ဦးဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါတွေကို မိသားစုတိုင်းက ကျင့်သုံးရင် ကိုဗစ်-၁၉   ဘေးအန္တရာယ်က  လုံခြုံစိတ်ချရတဲ့၊ ကိုဗစ်-၁၉    ရောဂါလို   ကူးစက်ရောဂါတွေအပြင် အခြားမကူးစက်တတ်တဲ့ရောဂါတွေ အန္တရာယ်က  ကာကွယ်နိုင်တဲ့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုတွေ ဖြစ်လာပါမယ်။ ဒီလို တစ်ရပ်ကွက်လုံး၊ တစ်ဒေသ လုံး၊ မြန်မာတစ်နိုင်ငံလုံးက ကျင့်သုံးကြရင် ကိုဗစ်- ၁၉ ရောဂါပိုးရဲ့ ကမ္ဘာပေါ်မှာ ဆက်လက်တည်ရှိနိုင်တဲ့ အနေအထားတွေက ကျွန်တော်တို့အတွက် ကြီးမား တဲ့ ခြိမ်းခြောက်မှုဖြစ်ချင်မှဖြစ်မယ်။  အားလုံးက ပူးပေါင်းဆောင်ရွက်ရင်   ဒီကိစ္စက  ဖြစ်လာနိုင်ပါ တယ်။ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။


မိဘပြည်သူတွေကို ယခုလို ဆွေးနွေးတင်ပြရတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ နံပါတ် ၁ က ကိုဗစ်- ၁၉ ရောဂါပိုး ဝင်ရောက်မကူးစက်စေချင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းတွေကို အမြဲပြောကြားပါ တယ်။ နံပါတ် ၂ က ရောဂါကြောင့် သေဆုံးမှုတွေကို တတ်နိုင်သမျှ   လျှော့ချချင်ပါတယ်။   ဒါကြောင့် ရောဂါအခံရှိသူတွေအနေနဲ့   အိမ်မှာနေဖို့၊   သူတို့ အိမ်မှာနေရင်လည်း   ပါးစပ်နှာခေါင်းစည်း (Mask)တပ်ထားဖို့၊ အပြင်ထွက်လေ့ရှိသူတွေနဲ့ အနီးကပ် မနေဖို့၊ ကာကွယ်ဆေးထိုးနှံပြီလို့ သတင်းကြားပြီ ဆိုရင် မကူးစက်တတ်သော ရောဂါအခံရှိသူတွေ အနေနဲ့ အထူးအလေးအနက်ထားပြီး သွားရောက် ထိုးနှံကြဖို့၊ ဒါ့အပြင် မည်သူမဆို ရောဂါလက္ခဏာ တွေ ခံစားရပြီဆိုရင် စောစီးစွာ ကျန်းမာရေးဌာနတွေ ကို ဆက်သွယ်အကြောင်းကြားပြီး ကုသမှုခံယူဖို့  တိုက်တွန်းနေရတာဖြစ်ပါတယ်။   ရောဂါရှိတဲ့သူ ကလည်း စောစီးစွာ လိုအပ်တဲ့ဆေးဝါးနဲ့ ကုသမှုတွေ အချိန်မီရရှိရင် အသက်ရှင်သန်နိုင်တဲ့ အခွင့်အလမ်း များပါတယ်။  နံပါတ် ၃ က ကူးစက်ရောဂါကွင်းဆက် တွေ ပြတ်တောက်သွားဖို့အတွက် ရောဂါပိုးရှိသူနဲ့နီးကပ်စွာထိတွေ့မှုရှိသူတွေကို သီးသန့်ခွဲခြားနေထိုင်  စေဖို့၊ ရောဂါမပြင်းထန်သူများကို   ကိုဗစ်ကုသရေး စင်တာတွေမှာ နေထိုင်စေဖို့ဖြစ်ပါတယ်။ ဒီအချက် တွေကို ရည်ရွယ်ပြီး   ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ 
ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလမှာ ကျန်းမာအောင် နေထိုင်ဖို့အတွက် ရောဂါကာကွယ်ရေးနည်းလမ်း တွေ သိရှိလိုက်နာဖို့လိုပါတယ်။ ဒီရောဂါက အသက် ရှူလမ်းကြောင်းနဲ့ လက်ကနေတစ်ဆင့် ကူးစက်ပါ တယ်။ အဓိက ကူးစက်မှုလမ်းကြောင်းက ဒီနှစ်ခုပဲ ရှိပါတယ်။    ကူးစက်တဲ့အခါ   လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုကနေဆက်ပြီး အဆင့်ဆင့် ကူးစက်စေ တယ်။ ဒါကြောင့် အခြားသူတွေနဲ့  ထိတွေ့မှုမရှိ အောင် တတ်နိုင်သမျှ အိမ်မှာနေတယ်။ အိမ်မှာနေတဲ့ အခါ မိသားစုဝင်တွေလောက်ပဲ ထိတွေ့မှုရှိတယ်၊ မိသားစုထဲမှာ ပိုးရှိသူမရှိဘူးဆိုရင် လုံခြုံစိတ်ချရမှု ရှိပါတယ်။ 


မဖြစ်မနေ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ ရေသန့် လာပို့တာပဲဖြစ်ဖြစ်၊    ပစ္စည်းပို့တဲ့   Deli  သမား လာတာပဲဖြစ်ဖြစ် အပြင်လူနဲ့ထိတွေ့ရမယ့်အချိန်မှာ  ဘာပဲဖြစ်ဖြစ် ပိုးရှိနိုင်တယ်လို့ သတိထားပြီး သူတို့နဲ့ ထိတွေ့မှုနည်းအောင် ဆောင်ရွက်ရပါမယ်။ နောက် တစ်ခုက   မဖြစ်မနေ   အပြင်ထွက်ရမယ်ဆိုရင် နေအိမ်ပြင်ပထွက်တာနဲ့ Mask မဖြစ်မနေတပ်ဖို့၊ အများသုံးပစ္စည်းတွေ၊ ငွေတွေကို ကိုင်တွယ်မိရင် လက်ကို စနစ်တကျ ပြန်ဆေးဖို့လိုပါတယ်။ လက် မဆေးဘဲ နှာခေါင်း၊ ပါးစပ်ရှိတဲ့နေရာတွေ ထိတွေ့ ကိုင်တွယ်ခြင်း မပြုမိဖို့၊  ဈေးဝယ်ထွက်ရင်လည်း တတ်နိုင်သမျှ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ထွက်ဖို့၊ အိမ်မှာ မလိုအပ်ဘဲ ဧည့်သည်လက်မခံဖို့၊ ကိုယ်တိုင်လည်း ဧည့်သည်အနေနဲ့ အိမ်မလည်ဖို့  လိုပါတယ်။ အပြင်ထွက်တာကနေ အိမ်ကိုပြန်ရောက် တဲ့အခါလည်း လက်ဆေးဖို့၊ ကိုယ်လက်သန့်စင်ဖို့နဲ့ Mask ကို အိမ်ပြင်မှာ စနစ်တကျ သေချာစွာစွန့်ပစ်ဖို့ လိုပါတယ်။ 


နာတာရှည်ရောဂါရှိသူ၊ မကူးစက်တတ်သော  ရောဂါအခံရှိသူတွေကို အထူးသတိပြုပြီး ကာကွယ် ပေးဖို့လိုပါတယ်။   အသက်အရွယ်ကြီးရင့်သူတွေ၊ ကင်ဆာရောဂါဝေဒနာခံစားနေရသူတွေ၊     နာတာ ရှည် ကျောက်ကပ်ဝေဒနာရှိသူတွေ၊ ပန်းနာရင်ကျပ် ရောဂါရှိသူ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု အစား ထိုးထားသူတွေ၊ အဝလွန်သူတွေ၊ နှလုံးရောဂါရှိသူ၊  သွေးရောဂါတစ်ခုခုရှိသူတွေနဲ့ ဆီးချိုရောဂါရှိသူတွေ က  ကာကွယ်ရေးနည်းလမ်းတွေကို   အထူးသတိ ထားပြီး    လိုက်နာကာကွယ်ပေးဖို့  လိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုတွေထဲမှာ နာတာရှည် ရောဂါအခံရှိသူတွေလည်း ပါဝင်ပြီးဖြစ်လို့ မိမိဒေသ အလိုက်    ကာကွယ်ဆေးထိုးနှံနိုင်ရေး   စာရင်း ကောက်ယူနေတဲ့နေရာတွေမှာ စာရင်းပေးသွင်း၍  ကာကွယ်ဆေးကို အထူးအလေးအနက်ထား ထိုးနှံ သင့်တဲ့အကြောင်းကို ဒီနေရာကနေ တင်ပြလိုက်ရ ပါတယ်။ 


ကာကွယ်ဆေးထိုးနှံခြင်းနဲ့     ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်     ကုသရေး ဗဟိုဌာန (CDC) က    စက်တင်ဘာ  ၁၀ ရက်က  သုတေသနတွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ ‘ဒယ်လ်တာ’လို ကူးစက်မြန် ပြင်းထန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ပြန့်ပွားနေတဲ့အချိန်  မှာ ကာကွယ်ဆေးထိုးထားသူတွေက မထိုးထားသူ တွေထက်စာရင် ရောဂါကူးစက်မှု ငါးဆလျော့နည်း သက်သာတယ်လို့ဆိုပါတယ်။      ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရင် ရောဂါပြင်းထန်စွာဖြစ်ပွား လို့   ဆေးရုံတက်ရောက်ရမှုကို  ၁၀ ဆအထက်၊ ရောဂါကြောင့်သေဆုံးမှုကို ၁၀ ဆအထက် လျှော့ချ ပေးနိုင်တယ်လို့ ဆိုပါတယ်။ 
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နေရာ ၁၃ ခု မှာ ဧပြီ ၄ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ လေ့လာ ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၆၁၅၄၅၄ ဦး၊  ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံ တက်ရောက်ရသူ ၃၇၉၄၈ ဦး၊ ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ၆၇၄၈ ဦးကို လေ့လာရာမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးမထိုးထားသူတွေရဲ့ ရောဂါဖြစ်ပွားမှု က ၅၆၉၁၄၂ ဦးရှိပြီး ၉၂ ရာခိုင်နှုန်း ရှိတာ တွေ့ရ ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက် ရောက်ရမှုတွေရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တဲ့ ၃၄၉၇၂ ဦးက ကာကွယ်ဆေးမထိုးထားသူတွေ       ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးရသူတွေထဲမှာ ၉၁ ရာခိုင်နှုန်းဖြစ်တဲ့  ၆၁၃၂ ဦးက ကာကွယ်ဆေး မထိုးထားသူတွေနဲ့    ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းမခံထားသူတွေ ဖြစ်တာတွေ့ရပါတယ်။


ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူတွေ အကြားမှာ  ရောဂါဖြစ်ပွားမှုနှုန်းကို  ပြန်ကြည့်ရင် ၈ ရာခိုင်နှုန်းသာဖြစ်တဲ့ ၄၆၃၁၂ ဦးတွေ့ရှိရပြီး  ရောဂါကြောင့် ဆေးရုံတက်ရောက်ရသူတွေထဲမှာ ၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂၉၇၆ ဦးကို   တွေ့ရပါတယ်။ ရောဂါကြောင့် သေဆုံးသူတွေထဲမှာ ၉ ရာခိုင်နှုန်း ဖြစ်တဲ့ ၆၁၆ ဦး တွေ့ပါတယ်။ ဒီထုတ်ပြန်ချက်က စက်တင်ဘာ ၁၀ ရက် ထုတ်ပြန်တာဖြစ်တဲ့အတွက် နောက်ဆုံးတွေ့ရတဲ့    သုတေသနတွေ့ရှိချက်လို့ ပြောလို့ရပါတယ်။
ဒါ့ကြောင့်  ဘာပဲဖြစ်ဖြစ်   ကာကွယ်ဆေးကို ဦးစားပေးပြီး  ထိုးနှံဖို့လိုပါတယ်။ မြို့ပြတွေမှာ နေထိုင်သူတွေက           ကျန်းမာရေးအသိပညာနဲ့
သတင်းအချက်အလက်တွေရရှိတဲ့အတွက်  ဆေး ထိုးနှံမှု အားကောင်းပေမယ့်   အချို့အလှမ်းဝေးတဲ့ မြို့တွေ၊ ကျေးလက်ဒေသတွေက သတင်းအချက် အလက် စီးဆင်းမှုနည်းတဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေကို  သိရှိမှု   အားနည်းနိုင်တာ ဖြစ်ပါတယ်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ကိုဗစ်ကာလမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို အချက် ငါးချက်နဲ့ တင်ပြထားပါတယ်။ နံပါတ် (၁) အချက်က လှုပ်လှုပ်ရှားရှားနေဖို့၊ ထိုင်တာကိုလျှော့ဖို့၊  နံပါတ် (၂) က     ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ဖို့၊ နံပါတ် (၃) က စိတ်ကျန်းမာရေးကို  ဂရုစိုက်ဖို့၊ နံပါတ် (၄)က ဒီလိုအချိန်မျိုးမှာ ဆေးလိပ်၊ ကွမ်းစွဲနေသူတွေအနေနဲ့ ဖြတ်တောက်ကြဖို့၊ နံပါတ် (၅) က ဒီလိုအချိန်မှာ သားသမီးတွေနဲ့ အတူနေရချိန် ဖြစ်လို့   ကလေးတွေကို   အချိန်ပေးကြည့်ရှုဖို့   တိုက်တွန်းထားပါတယ်။ 


နံပါတ် (၁) အချက်က   လှုပ်လှုပ်ရှားရှားနေရ မယ်ဆိုရင်   လူကြီးတွေသာမက   ကလေးတွေပါ လှုပ်ရှားရမှာဖြစ်ပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေကို တစ်နေ့လှုပ်ရှားမှုအနေနဲ့ နာရီဝက် လောက်     ချော့မြှူပေးခြင်း    ပြုလုပ်သင့်ပါတယ်။ ငါးနှစ်အောက် ကလေးတွေကို တစ်ရက်ကို ၂ နာရီ လောက်  ကစားဖို့၊   ထိုင်မနေစေဖို့၊   လှုပ်ရှားစေဖို့ လိုပါတယ်။ ငါးနှစ်မှ ၁၇ နှစ် အရွယ်တွေကို တစ်ရက် ကို မိနစ် ၆၀ လောက် လှုပ်ရှားစေဖို့  လိုပါတယ်။ အသက် ၁၈ နှစ်အထက်ဆိုရင် တစ်ပတ်ကို မိနစ် ၁၅၀ လောက် အနည်းဆုံး လှုပ်ရှားမှုလုပ်သင့်ပါတယ်။ Stay at Home ကာလမှာ အိမ်ကနေ အလုပ်လုပ် ကြရတယ်။ ယခင်လှုပ်ရှားမှုရှိတဲ့သူဆိုရင်   အခု ကာလမှာ သိပ်ပြီးမလှုပ်ရှားဖြစ်တဲ့အတွက်  ထိုင် မနေပါနဲ့၊ လှုပ်လှုပ်ရှားရှား နေပေးပါလို့ တင်ပြချင် ပါတယ်။


နံပါတ်(၂)အနေနဲ့ အစားအသောက်နဲ့ ပတ်သက် ရင်   ကျန်းမာရေးနဲ့   ညီညွတ်အောင်စားသုံးမယ့် အချက် ရှစ်ချက်ရှိပါတယ်။   (၁) အရောင်အသွေး စုံလင်အောင်စားပါ။   အသီးအရွက်တွေ   များများ စားပေးပါ။ (၂) ဆားနှင့်   အငန်ကို   လျှော့စားပါ။ အချိုမှုန့် အလွန်အကျွံစားသုံးခြင်းနဲ့ စားပွဲပေါ်မှာ  ဆားဘူးငယ်ထားရှိပြီး ဆားအလွယ်တကူထပ်ထည့် လို့ စားသောက်တတ်တဲ့အကျင့်ရှိရင် ရှောင်ကြဉ်  သင့်ပါတယ်။ (၃) ပြည့်ဝဆီကို လျှော့စားရပါမယ်။ မပြည့်ဝဆီကို ပြည့်ဝဆီနဲ့ အစားထိုးစားသုံးရပါမယ်။ ထပ်ခါတလဲလဲကြော်ထားတဲ့၊ မသန့်ရှင်းတဲ့ဆီတွေနဲ့ ကြော်ထားတာတွေကို ရှောင်ရပါမယ်။  (၄) အချို စားတာနဲ့ သကြားစားတာကိုလည်း တတ်နိုင်သမျှ လျှော့ရပါမယ်။ (၅) ရေများများသောက်ရပါမယ်။ (၆)    အရက်အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ရမှာဖြစ်ပါတယ်။  (၇) လူကြီးတွေတင်မက ကလေးရှိသူဆိုရင်   ကလေးကိုလည်း   အသက် (၆)လအရွယ်ထိ   မိခင်နို့တစ်မျိုးတည်းသာ  ပုံမှန် တိုက်ကျွေးခြင်း၊ အသက်(၆)လကျော်ရင် ဖြည့်စွက် စာ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ နံပါတ် (၈) အနေနဲ့ အစားအသောက်တွေကို စီမံချက်ပြုတ် ရာမှာ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ ဆေးကြောဖို့ လိုပါတယ်။   ဒီနေရာမှာ    အသီးအရွက်တွေကို ဆေးကြောရာမှာ အရွက်ဖျန်းဆေးဆိုပြီး အယ်လ်ကို ဟောပါတဲ့    လက်သန့်စင်ဆေးရည်လိုမျိုးတွေနဲ့ ဖျန်းတာတွေက ပိုပြီးအဆိပ်အတောက် ဖြစ်စေပါ တယ်။ လုံးဝ မလုပ်သင့်ပါဘူး။ ဈေးကဝယ်လာတဲ့ အသီးအရွက်တွေကို ကိုင်တွယ်မယ်ဆိုရင် လက်ကို ဆပ်ပြာနဲ့ရေအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ   ဆေးရပါမယ်၊  အသီးအရွက်တွေကို ရေသန့်သန့်နဲ့ဆေးရင်   လုံလောက်ပါပြီ။   အစား အစာတွေကနေ ကိုဗစ်-၁၉ ရောဂါ  ကူးစက်တာ၊ အစားအသောက်ကို     ထုပ်ပိုးတဲ့ပစ္စည်းတွေက ကိုဗစ်-၁၉ ရောဂါ  ကူးစက်တဲ့ အထောက်အထား မတွေ့သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရှင်းပြ ထားပါတယ်။ 


ကျန်းမာအောင်နေရမယ့်   အချက်တွေထဲမှာ နံပါတ်(၃)အချက်က စိတ်ကျန်းမာရေးနဲ့ပတ်သက်  ပါတယ်။ စိတ်ရှုပ်စေမယ့်အရာတွေကို ရှောင်ကြဉ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့   စကားပြောတာ တွေကို လုပ်ဆောင်သင့်ပါတယ်။ အိပ်ရေးဝအောင်  အိပ်သင့်ပါတယ်။ အချို့က အိပ်မပျော်ရင် ဆေးဝါး တွေသုံးတာ၊     အရက်အလွန်အကျွံသောက်တာ တွေက  ရေရှည်မှာ  ဆိုးကျိုးတွေကိုပဲ ဖြစ်စေတဲ့ အတွက် လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နောက် တစ်ခုက ဆိုရှယ်မီဒီယာအသုံးများပြီး အိပ်ရေးမဝ  တာတွေ၊       စိုးရိမ်စိတ်လွန်ကဲတာတွေကိုလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 
နံပါတ်(၄)အချက်က ဆေးလိပ်၊ ကွမ်းစားသုံးမှု ကို လုံးဝဖြတ်တောက်သင့်တဲ့အချိန်ကာလ ဖြစ်ပါ တယ်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကြောင့်  ရောဂါကူးစက်မှုကို မြင့်မားစေသလို ရောဂါကူးစက် ခံရရင်လည်း ပြင်းထန်စွာ ဖြစ်ပွားနိုင်ပါတယ်။ 


နံပါတ်(၅)အချက်အနေနဲ့ ယခုလို Stay at home ကာလ အတူနေရချိန်မှာ မိဘတွေအနေနဲ့ ကလေးတွေရဲ့   ကိုဗစ်-၁၉   ရောဂါကို ကာကွယ် တတ်မယ့်အပြုအမူတွေကို     သင်ကြားပေးတာ၊ အွန်လိုင်းသုံးစွဲမှုတွေကို     စနစ်တကျဖြစ်အောင် စောင့်ကြပ်ကြည့်ရှုပေးတာ၊ အွန်လိုင်းကတစ်ဆင့် ပညာသင်ကြားပေးတဲ့အစီအစဉ်တွေနဲ့ ချိတ်ဆက် ပေးတာ၊ မိဘတွေကိုယ်တိုင်က အနီးကပ်သင်ကြား  ပေးတာမျိုးတွေစတဲ့   ရင်းရင်းနှီးနှီးနဲ့  ပြုစုစောင့် ရှောက်ပေးဖို့သင့်တဲ့ အခါဖြစ်ပါတယ်။ 
အခုတင်ပြတဲ့အချက်တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလ အတွင်းမှာ ကျန်းမာစွာနေထိုင်ရေး အကြံပြုချက် တွေကိုအခြေခံပြီး   ဆွေးနွေးတင်ပြရခြင်းဖြစ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။