
ရန်ကုန် အောက်တိုဘာ ၂၁
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့်လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine ၁၀၀၀၀၀ doses နှင့် ဆေးထိုးအပ် များသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ခရီးစဉ် TG-303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကာကွယ်ဆေးများကို လွှဲပြောင်း လက်ခံကြသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ၉၄ ဒသမ ၃၅ ရာခိုင်နှုန်း ရှိပြီး ကျောင်းပြင်ပကလေးများကို အကြိမ်ပြည့် ထိုးနှံပြီးစီးမှု ၇ ဒသမ ၈၉ ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခု ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် (၅)နှစ်မှ (၁၁)နှစ် အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံ ပညာကျောင်းသား ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးများကို ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်