
နေပြည်တော် ဇူလိုင် ၁၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀) ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်
ဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် လမင်းတစ်ရာဘက်စုံပရဟိတအဖွဲ့၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်း များအား စက်သုံးဆီနှင့် စားသောက်စရိတ် ထောက်ပံ့ ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။ ထို့နောက် တိုင်းမှူးက စေတနာ့ဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ခြံထွက် ကြက်ဥများ၊ တပ်မတော်စက်ရုံထုတ် ခေါက်ဆွဲ ခြောက်ထုပ်များ၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ၊ နန်းမြိုင်ကော်ဖီမစ်ထုပ်များနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ပုသိမ်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)၌ တစ်နေ့လျှင် အောက်ဆီဂျင်အိုးလီတာ ၄၀ ဆံ့ အလုံး ၆၀ ထုတ်လုပ် နိုင်သည့် အောက်ဆီဂျင်စက် တပ်ဆင်ဆောင်ရွက် နေမှုအခြေအနေနှင့် တစ်နေ့လျှင် အောက်ဆီဂျင်အိုး လီတာ ၄၀ ဆံ့ အလုံး ၂၀ ထုတ်လုပ်ပေးနေပြီး လူနာ ခန်းအတွက် ပိုက်လိုင်းမှ အောက်ဆီဂျင်တိုက်ရိုက် ထုတ်ပေးနေသည့် အောက်ဆီဂျင်စက် တပ်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်