ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်   ဇူလိုင်   ၂၈

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး    မြေပြင်တွင် 
ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့်တွေ့ဆုံ၍  လိုအပ်ချက်များဖော်ထုတ်ဆွေးနွေးခြင်းကို   ယနေ့နံနက်ပိုင်းတွင်   မကွေး တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိ စေတနာ့
ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စာလှယ်များနှင့်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊   ရှမ်းပြည်နယ်နှင့်   ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ    ကိုယ်စားလှယ်များနှင့် လည်းကောင်း အွန်လိုင်း စနစ်ဖြင့်  ကျင်းပသည်။

 


ပြောကြား

 


ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်     ပြန်လည်နေရာချထားရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က လက်ရှိအချိန်တွင်   ကရင်ပြည်နယ်နှင့်  တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ရောဂါအပြင် သဘာဝဘေး ကိုပါ စတင် ကြုံတွေ့နေရပါကြောင်း၊ တတိယလှိုင်း တွင်   ကြုံတွေ့နေရသည့် မျိုးကွဲဗိုင်းရပ်စ်သည် ပိုမိုကူးစက်မှုမြန်ပြီး ပိုမိုပြင်းထန်သဖြင့်    ယခင်က အသက်(၆၀)ကျော်များသာ   သေဆုံးမှုများရှိခဲ့ သော်လည်း ယခုအခါ ကျန်းမာသန်စွမ်းသူများပင်  သေဆုံးမှုများ  ရှိနေပါကြောင်း၊ တတိယလှိုင်းတွင်  ထူးခြားချက်အနေဖြင့်  ဆရာဝန်၊ သူနာပြုအင်အား မလုံလောက်မှုများလည်း  ကြုံတွေ့နေရပါကြောင်း၊ ယခုတတိယလှိုင်း       ဖြစ်ပွားသည့်ကာလတွင် အောက်ဆီဂျင်လိုအပ်ချက်ပြဿနာ ထပ်တိုး ရင်ဆိုင် လာရသည့်အတွက်  နိုင်ငံတော်မှ ဝယ်ယူပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခုနိုင်ငံတော်မှ ကာကွယ်ဆေး ကို အရှိန်အဟုန်ဖြင့် ထိုးနှံရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊   ပြည်သူလူထု၏  ကျန်းမာရေးကို ပါဝင်ကူညီရာတွင်  သက်ဆိုင်ရာ မြို့နယ်များအလိုက် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် ထိန်းချုပ်တုံ့ပြန်အဖွဲ့ များနှင့်  ပူးပေါင်းဆောင်ရွက်သွားကြရန်  မှာကြား လိုပါကြောင်း ပြောကြားသည်။  

 


ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။  

 


တင်ပြဆွေးနွေး

 


ဆက်လက်၍     တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုမှ စေတနာ့ဝန်ထမ်း များနှင့်  ပရဟိတအဖွဲ့အစည်း ကိုယ်စားလှယ်များက ဒေသအလိုက် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပံ့ပိုး ပေးရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။    

 

          
      သတင်းစဉ်