
နေပြည်တော် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် နယ်မြေခံတပ်မတော်ဆေးရုံများမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ဆေးဘက်ပညာရှင်များကို ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ဆေးဘက်ပညာရှင်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်