ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်ဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၂၁


ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ တွင်  အောက်ဆီဂျင် လိုအပ်ချက် များကို အထောက်အကူဖြစ်စေရန် အတွက် မြန်မာစီးပွားရေးကော်ပို ရေးရှင်း  စက်ရုံများမှ  ထုတ်လုပ် သော အောက်ဆီဂျင်ဓာတ်ငွေ့များ အား သက်ဆိုင်ရာ နယ်မြေဒေသ အသီးသီးရှိ ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာများသို့ နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရ သည်။ 
စွမ်းအင်မြှင့်တင်ဆောင်ရွက်
ယခုအခါ ကိုဗစ်- ၁၉ ရောဂါ ကုသရေး   လုပ်ငန်းစဉ်များတွင် အသုံးပြုရန် လိုအပ်သော အောက် ဆီဂျင်ဓာတ်ငွေ့များ       တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက်   စက်ရုံ အသီးသီးရှိ      အောက်ဆီဂျင် ဓာတ်ငွေ့     ထုတ်လုပ်နိုင်သော စက်များအား  စွမ်းအားမြှင့်တင် ဆောင်ရွက်ခဲ့ရာ  အောက်ဆီဂျင် နှင့်         မီးသတ်ဆေးဘူးစက်ရုံ (မင်းဓမ္မ)၊ အမှတ်(၂) သံမဏိစက်ရုံ (မြောင်းတကာ)၊      အမှတ်(၃) သံမဏိစက်ရုံ (ရွာမ)၊ သင်္ဘောဖျက် စက်ရုံ  (သီလဝါ) တို့မှ    နေ့စဉ် အောက်ဆီဂျင်   လီတာ  ၄၀  ဝင် ဓာတ်ငွေ့အိုး      ၂၀၀၀  ခန့်နှင့် ဓာတ်ငွေ့စက်ရုံ    (မန္တလေး) မှ နေ့စဉ်    အောက်ဆီဂျင်   လီတာ ၄၀ ဝင်   ဓာတ်ငွေ့အိုး  ၅၀၀  ခန့် ထုတ်လုပ်ပေးခဲ့ပြီး နေ့စဉ်အောက် ဆီဂျင် ကုဗပေ စုစုပေါင်း ၄၉၈၂၀၀ လီတာ ၄၀ ဝင်  အောက်ဆီဂျင် ဓာတ်ငွေ့အိုး   ၂၅၀၀ လုံးခန့်အား သက်ဆိုင်ရာ     နယ်မြေဒေသ အသီးသီးရှိ အောက်ဆီဂျင်လိုအပ် ချက်ရှိသော ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများနှင့် ကိုဗစ် ကုသရေးစင်တာများသို့ ပိတ်ရက် မရှိ   နေ့စဉ်   ၂၄  နာရီပတ်လုံး ဖြည့်သွင်း ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သိရသည်။ 
ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေး
ယခုအခါ   အောက်ဆီဂျင် ဓာတ်ငွေ့     လိုအပ်ချက်    ထပ်မံ ဖြည့်ဆည်းပေးနိုင်ရန်  ပြည်ပမှ မှာယူထားသော လီတာ ၄၀ ဝင် အောက်ဆီဂျင်အိုးအသစ် အလုံး ၅၀၀ မှာ   အောက်ဆီဂျင်စက်ရုံ (မင်းဓမ္မ)သို့  ရောက်ရှိခဲ့ပြီးဖြစ်၍ ပြည်သူ့ဆေးရုံများ၊ ကိုဗစ် ကုသ ရေး  စင်တာများနှင့်   ပုဂ္ဂလိက လိုအပ်ချက်များသို့   ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးလျက်     ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်