
နေပြည်တော် နိုဝင်ဘာ ၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ ငါးစီးဖြင့်၊ လုပ်ငန်းသုံး အောက် ဆီဂျင်စက် (Oxygen Generator) တစ်ခုနှင့် နှာခေါင်းစည်း (Mask) ၃၂ တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့်အသိပေး ကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် com-merce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်